အနှိပ်ခန်းတွင် ရဲအချင်းချင်း စကားများရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲအုပ် ၁ ဦး အပြင်း အထန်ဒဏ်ရာရ

သာယာဝတီမြို့၊ စိန်သရဖူ အနှိပ်ခန်းတွင် ရဲအချင်းချင်း စကားများရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲအုပ် ၁ ဦး အပြင်း အထန်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီမြို့၊ ဆရာစံမြို့သစ်ရှိ စိန်သရဖူ အနှိပ်ခန်းတွင် ရဲအချင်း ချင်း စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲအုပ် ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ သာယာဝတီမြို့၊ ဆရာစံမြို့သစ် လဝကရုံးဘေးရှိ စိန်သရဖူ အနှိပ်ခန်းတွင် ရဲ ၂ ဦး ရန်ဖြစ် စကားများရမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်း ပစ်ခတ်မှုအတွင်း စံရွေးရဲစခန်းမှ ရဲအုပ် ၁ ဦး ကျည်ထိမှန် ဒဏ် ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ ရဲအုပ်၏ ကျည်ထိမှန်ဒဏ်ရာသည် ပြင်းထန်သောကြောင့် ယင်းနေ့တွင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး လက်ရှိအချိန်အထိ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။

“စက်တင်ဘာ ၃၀ ရက်နေ့က ပစ်ခတ်မှု ဖြစ်တာလို့ သိရတယ်။ ဆရာစံမြို့သစ် လဝကရုံးဘေးမှာ ဖွင့်ထားတဲ့ စိန်သရဖူ အနှိပ်ခန်းမှ ဖြစ်တာ ရဲ ၂ ဦး ရန်ဖြစ်စကားများရာကနေ အချင်းချင်းပစ်တာမှာ စံရွေးရဲစခန်းက ရဲအုပ် က တော့ ဒဏ်ရာပြင်းတယ်။ ရန်ကုန်ဆေးရုံကို ပို့ထားရတယ်။ စိန်သရဖူ အနှိပ်ခန်းက စစ်တပ် သတင်းပေး နန္ဒအောင်ခိုင် ရှယ်ယာ ပိုင်တဲ့ဟာပဲ” ဟု ဒေသတော် လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ပြည်သူများကို စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *