မင်းအောင်လှိုင် အပါအဝင် ဗိုလ်ချုပ်များကို လာဘ်ထိုးထားသူများ ပို့ကုန်ရငွေ ပြစရာမလိုဘဲ သွင်းကုန်တင်သွင်းခွင့်ရ

ပို့ကုန်ရငွေ တင်ပြနိုင်မှသာ သွင်းကုန်တင်သွင်းရမည်ဟု စစ်ကောင်စီက မူဝါဒ သတ်မှတ်ထားသော် လည်း မင်းအောင်လှိုင် အပါအဝင် ဗိုလ်ချုပ်များကို လာဘ်ထိုးထားသူများ ပို့ကုန်ရငွေ ပြစရာမလိုဘဲ သွင်းကုန်တင်သွင်းခွင့်ရ

မုတ္တမကုမ္မဏီအုပ်စုပိုင်ရှင် ရန်ဟိုးက သံ ၁ တန်လျှင် ဒေါ်လာ ၁၀၀ လာဘ်ထိုး၍ စိတ်ကြိုက်တင်သွင်းခွင့်ရနေ

အကြမ်းဖက်စစ်ကောင်စီက ပို့ကုန်ရငွေ တင်ပြနိုင်မှသာ သွင်းကုန်တင်သွင်းရမည်ဆိုသော မူဝါဒ သတ်မှတ်ထားသော် လည်း သတ်မှတ်ထားသော်လည်း မင်းအောင်လှိုင် အပါအဝင် ဗိုလ်ချုပ်များကို လာဘ်ထိုးထားသော စီးပွား ရေး လုပ်ငန်းရှင်များမှာ ပို့ကုန်ရငွေ ပြစရာမလိုဘဲ သွင်းကုန်တင်သွင်းခွင့်ရရှိနေကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစ တင် ၍ ဆေးဝါး၊ လူသုံးကုန်များ ၊ စားအုန်းဆီနှင့် စက်သုံးဆီ အပါအဝင် သွင်းကုန်များအတွက် ပို့ကုန်ရငွေအမေရိကန်ဒေါ်လာ တင်ပြနိုင်မှသာလျှင် သွင်းကုန်လိုင်စင် ထုတ်ပေးပြီး တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ၊ အဆိုပါ မူဝါဒ ဆုံးဖြတ်ချက် အပြောင်းအလဲကို စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ အစည်း အဝေး အမှတ်စဉ် ၆၆/၂၀၂၄ တွင် ဆုံးဖြတ်ခဲ့ကြောင်း၊ စက် တင်ဘာလ ၁ ရက်နေ့မှစတင်၍ ပို့ကုန်ရငွေ (Export Earning) တင်ပြမှသာ သွင်းကုန် လိုင်စင်များကို ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

သို့ရာတွင် မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်း ဗိုလ်ချုပ်များကို လာဘ်ထိုးထားပြီး အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသည့် စီးပွားရေးသမားများမှာ ပို့ကုန်ရငွေ တင်ပြရန်မလိုဘဲ သွင်းကုန်များ တင်သွင်းခွင့်ရရှိနေကြောင်း ၊ အထူး သဖြင့် မင်းအောင်လှိုင်၊ မြထွန်းဦးတို့နှင့်ချိတ်ဆက်ထားသော စီးပွားရေးသမားများမှာ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ တင်ပြစရာမလိုဘဲ သွင်းကုန်တင်သွင်းခွင့်ရရှိနေခြင်းဖြစ်ပြီး မုတ္တတကုမ္ပဏီအုပ်စုမှ လုပ်ငန်းရှင် ရန်ဟိုးက သံနှင့်သံမဏိသွင်းကုန်များကို လိုသလို တင်သွင်းခွင့်ရရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခု စစ်ကောင်စီထဲမှာ မိုးမြင့်ထွန်း ထက်ဆိုးတဲ့သူတွေ ပေါ်နေလို့လုပ်ငန်းရှင်တွေစိတ်ညစ်နေကြရပါတယ်။သွင်း ကုန်လိုင်စင် အတွက်ပို့ကုန်ရငွေ ပြရမယ်လို့ မူဝါဒ သတ်မှတ်ထားပေမယ့်လည်း မုတ္တမကုမ္ပဏီအုပ်စုက ဦး ရန်ဟိုးကတော့ သံ ၁ တန် သွင်းလိုလျှင် ဒေါ်လာ ၁၀၀ နှုန်း Under table ပေးပြီး လိုသလောက် သွင်းလို့ ရနေပါတယ်။ ဒါ့အပြင် ရန်ကုန်မှ သွင်းကုန်လုပ်ငန်းရှင်ကြီး ၁ ဦးကလည်း ဘာ Export earning မှ ပြစရာ မလိုဘဲ စိတ် ကြိုက် သွင်းကုန် တင်သွင်းလို့ရနေတယ် ။ မိုက်ရဲ ၊ ရင်းရဲမှ အလုပ် လုပ်လို့ ရတဲ့ခေတ်ကို ပြန်ရောက်နေပြီ” ဟု စီးပွားရေးအသိုင်းအ၀ိုင်းမှ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ မိုးမြင့်ထွန်းကို ၂၀၂၃ အောက်တိုဘာတွင် ကုန်သွယ်မှု လုပ်ငန်းများကို လာဘ်ငွေယူ ခွင့်ပြုမှုဖြင့် ရာထူးမှ ဖယ်ရှားကာ စစ်ခုံရုံးက ထောင်ဒဏ်နှစ် ၂၀ နှင့် ညီမျှသည့် ထောင်တစ်သက်တစ်ကျွန်းပြစ်ဒဏ် ကို ချမှတ်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် ဥက္ကဋ္ဌနှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ၂၀၂၃ ခုနှစ်တွင် အစားထိုး ခန့်အပ်ထားခဲ့ခြင်းဖြစ်ပြီး ၁ နှစ်နီးပါးကြာမြင့်လာချိန်တွင် ယင်းကဲ့သို့ လာဘ်ပေးနိုင်သူများက မူဝါဒသတ်မှတ်ချက်များကို လိုက်နာရန်မလိုဘဲ နိုင်ငံခြားငွေများကို စိတ်ကြိုက်သုံး၍ သွင်းကုန်များ တင်သွင်းခွင့်ရလာကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- စက်တင်ဘာလအတွင်း ရေဘေးအလှူငွေပေးအပ်ပွဲတွင် အကြမ်းဖက်မင်းအောင်လှိုင်နှင့် စီးပွားရေးသမားတချို့ကို မြင်တွေ့ရစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *