ပုလောမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူသည့်အဖွဲ့နှင့် စစ်တပ်အထိုင်စခန်းအချို့ကို PDFများ တိုက်ခိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန် လုံခြုံရေးယူသည့်အဖွဲ့နှင့် စစ်ကောင်စီတပ်အထိုင်စခန်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁ ရက်က ပုလောမြို့ပေါ် ရပ်ကွက်များသို့ သန်းခေါင်စာရင်းကောက်ရန် လုံခြုံရေးချထားသည့် အဖွဲ့နှင့် ခလရ(၂၅၈)အနီး အော်သာယာစခန်းကုန်းသို့ အင်အားလာဖြည့်သည့် စစ်ကောင်စီတပ်များကို နှစ်နေရာခွဲ၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သန်းခေါင်စာရင်း ကောက်နေတဲ့ စခတွေကို Drop Bomb ချတာက တစ်ခု။ မြို့အပြင် ဘက်က ​ခလရ (၂၈၅)အနီးက ဆက်သွယ်ရေးတာဝါတိုင်ကုန်းကို အင်အားလာဖြည့်တဲ့ စခတွေကို တိုက်ခိုက်တာက တစ်ခုပေါ့”ဟု ပုလောမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုများတွင် ခလရ(၂၈၅)တပ်ရင်းအနီးရှိ အော်သာယာဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းသို့ အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်သားများအား တာဝေးဒရုန်းများဖြင့် Drop Bomb (၆)ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး ထပ်မံ၍အင်းအားဖြည့်တင်းလာသော စစ်ကောင်စီတပ်သားများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ပြန်ဆုတ်သွားကြောင်း သိရသည်။

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော အထက်ပါ စစ်ကောင်စီတပ်စခန်းများသည် ပုလောမြို့အနီးရှိစခန်းတစ်ခုပါဝင်ပြီး အမှတ်(၈)ပြည် ထောင်စုလမ်းမကြီးပေါ်၌ အထိုင်ချထားသော စခန်းများဖြစ်သည်။

(ဒရုန်းစစ်ဆင်ရေးပြုလုပ်ရန် ပြင်ဆင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – ပေးပို့)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top