ရေးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ဗိုလ်ကြီးအပါအဝင် ၅ ဦးသေ

သန်းခေါင်စာရင်းကောက်ရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ ဗိုလ်ကြီးအပါအဝင် ၅ ဦးသေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-သံဖြူဇရပ်ကားလမ်းမပေါ် ရှိ (အမှတ်-၈ ပြည်ထောင်စုလမ်းမကြီး) စံပြကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် (စကခ-၁၉)လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၅၈၈)ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့်အတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် တိုက်ခိုက်ခဲ့ကြောင်း ဒေါနတပ်ရင်းထံမှ သိရသည်။

ခြေမြန်တပ်ရင်း ခမရ(၅၈၈)မှစခန်းချရာ နေရာတွင် ကင်းလှည့်ရန်ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးလှိုင်ဝင်းထွဋ်အပါအဝင် ငါးဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကာ လူနာတင်ယာဉ် လေးစီးဖြင့် ရေးမြို့ပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း ဒေါနတပ်ရင်းထံမှ သိရသည်။

“သူတိုရဲ့အဓိကရည်ရွယ်ချက်ကတော့ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးဘေးဖြစ်ပြီးတော့ သန်းခေါင်စာရင်းကောက်ရာမှာ အထောက်ကူပြုတဲ့ရည်ရွယ်ချက်နဲ့ လာထိုင်ထားတာပါ၊ ရွာထဲလက်နက်ကြီးပစ်တာမျိုးတော့မရှိပါဘူး၊ သူတို့ အဓိကလက်နက်ကြီးပစ်ပြီး ပြည်သူကိုဒုက္ခပေးတဲ့တပ်က ခလရ(၁၀၆)တပ် ဖြစ်ပါတယ်”ဟု ဒေါနတပ်ရင်းပြန်ကြားရေးတာဝန်ခံမှပြောသည်။

ယင်း ယာယီစခန်းသည် အင်အား ၄၀ ခန့်ရှိပြီး စခန်းအထိုင်ချသည်မှာ နှစ်ဝက်ခန့် ရှိနေပြီးဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် ခြေလျင်တပ်ရင်း ခလရ(၁၀၆)မှ မော်တာကျည် ၈၁ မမဖြင့် လေးကြိမ်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည် သုံးလုံးသည် စံပြကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံနေအိမ် တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် လက်နက်ငယ် နှစ်လက်ကို သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှလည်း ရဲဘော်နှစ်ဦးကျဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ယာယီစခန်းကို ပထမဆုံးအကြိမ် မြေပြင်ပူးပေါင်းမဟာမိတ်စစ်ဆင်ရေးအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း တပ်ရင်းလုံခြုံရေးတပ်ခွဲ၊ ဒေါနတပ်ခွဲ(၃) ရေးပြောက်ကျားတပ် YGFတပ်ခွဲ၊ ဗျူဟာ (၃၃) အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF၊KNLA) တပ်ရင်း(၂၇)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ (NMSP – AD)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တပ်ရင်း (၁)၊ YPDF တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ရေးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ဗိုလ်ကြီးအပါအဝင် ၅ ဦးသေ၊ တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ် လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်ထိခိုက်မှုရှိခဲ့သည်။

အောက်တိုဘာ ၁၇ရက် နံနက်တွင် ရေး – သံဖြူဇရပ် ကားလမ်းမပေါ်ရှိ စံပြကျေးရွာအနီးတွင် တပ်စွဲထားသော ခမရ(၅၈၈)မှ ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မွန် ပြည်တော်လှန်ရေးတပ်(MSRF)နှင့် ဒေါနစစ်ကြောင်းတို့က ယနေ့(အောက်တိုဘာ ၁၉ရက်) တွင် သတင်းထုတ်ပြန်သည်။

ထိတွေ့တိုက်ပွဲအတွင်း ရန်သူစစ်ကောင်စီဘက်မှ ဗိုလ်ကြီးလှိုင်ဝင်းထွဠ် အပါဝင် ၅ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြာင်းနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၂ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ဟု အသိပေးသည်။

စစ်ကောင်စီတပ်ထံမှ MA1 တစ်လက်နှင့် MA 2 တစ်လက်သိမ်းဆည်းရရှိခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် လက်ရှိစစ်ရေး အခြေအနေများကို MSRF တာဝန်ရှိသူထံဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ထို့အပြင် သေဆုံး၊ဒဏ်ရာရ စစ်‌ကောင်စီတပ်သားများအား လူနာတင်ယာဉ် ၄စီးဖြင့် ရေးမြို့ပြည်သူ့ဆေးရုံကြီးသို့ သယ်‌ဆောင်သွားကြောင်း သိရသည်ဟုလည်း ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီ ယာယီအထိုင်စခန်းအား ဝင်ရောက်စီးနှင်းတိုက်ခိုက်စဉ် ခလရ (၁၀၆) မှ ၈၁မမ လက်နက်ကြီးဖြင့် လေးကြိမ် ပစ်ခတ်ခဲ့ပြီး စံပြကျေးရွာအတွင်းသို့ ၃လုံးကျရောက်ပေါက်ကွဲခဲ့ဟုဆိုသည်။

အဆိုပါတိုက်ပွဲတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း တပ်ရင်းလုံခြုံရေးတပ်ခွဲ၊ရေးပျောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ(၃) ၊KNLA တပ်ရင်း(၂၇)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP – AD)၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း(၁)၊ YPDF တို့မှပူးပေါင်းပြီး စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

(ဒေါနစစ်ကြောင်းမှ ရဲဘော်များအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ဒေါနစစ်ကြောင်း)


Comments

Leave a Reply

Your email address will not be published. Required fields are marked *