မြဝတီမြို့အနီးရှိ ကုန်သွယ်ရေးဇုန်အတွင်းကို စစ်သား ၁၀၀ ကျော် လေထီးနှင့် ဆင်းနေ၊ လေထီးမပွင့်၍ သေဆုံးသူများလည်းရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့ အနီးရှိ၏ ကုန်သွယ်ရေးဇုန်အတွင်းကို အကြမ်းဖက် စစ်သား ၁၀၀ ကျော် လေထီးနှင့် ဆင်းနေပြီး လေထီးမပွင့်၍ သေဆုံးသူများလည်းရှိကြောင်း ဒေသခံပြည်သူများကပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ ယခုအချိန်အထိ အကြမ်းဖက် စစ်သားများ မြဝတီမြို့ အနီးရှိ၏ ကုန်သွယ်ရေးဇုန်အတွင်းကို လေထီးဖြင့် ၅ မိနစ်တစ်ခါ ခုန်ဆင်းနေပြီး လေထီးမပွင့်၍ အကြမ်းဖက်စစ်သားများ သေဆုံးမှုရှိကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံပြည်သူများထံမှ သိရသည်။

“YH အမျိုးအစား လေယာဉ်ကနေ အကြမ်းဖက် ခွေးတွေ လေထီးနဲ့ ဆင်းတယ်။ မြဝတီ မြို့သူမြို့သားတွေ ထိတ်လန့်နေကြတယ်။ ခွေးတွေ တစ်ခါ ခုန်ရင် ၄ ကောင်ပါတယ်။ ကုန်သွယ်ရေး ဇုန်ဘက်လို့ ထင်ပါတယ်။ တစ်နေကုန် ဆိုတော့ ဘယ်လောက်ထိ လေထီး မပွင့်လည်း မသိဘူး ၆ ယောက် တော့ မျက်မြင် ။ လေထီးမပွင့်ဘူး။ ထိုင်ကြည့်နေတာ”ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်သားများသည် ၉ ကြိမ်မြောက်အထိ လေထီးခုန်ပြီး ဖြစ်ကြောင်း၊ ၅ မိနစ်တစ်ခါ လူချနေခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သားများ လေထီးနှင့် မခုန်ဆင်းမီက ဂျက်ဖိုက်တာ ၂ စီးဖြင့် မြဝတီ – အာရှလမ်းမကြီး ဒေါနတောင်ပေါ်ကို ဗုံးကျဲချခဲ့ကြောင်း ဒေသပြည်သူများက ဆက်လက် ပြောဆိုသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လေထီးခုန် လေ့ကျင့်ရေးတစ်ခု


Comments

Leave a Reply

Your email address will not be published. Required fields are marked *