စလင်းမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုနှင့် လင်းဇင်းရဲစခန်းကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်

စလင်းမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုနှင့် လင်းဇင်းရဲစခန်းကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုနှင့် လင်းဇင်းရဲစခန်းကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်နေ့တွင် စလင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အထိုင်ချ တပ်စွဲထားသော ဆုပ်လေ ဦးလမ်းဆုံအနီးရှိ ကင်းစခန်း၊ သစ်ခေါက်တောင်ရွာတွင် တပ်စွဲထားသော ကင်းစခန်းနှင့် လင်းဇင်းရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြားပြီး ဒဏ်ရာရသူများလည်း အများအပြားရှိကြောင်း တပ်တွင်း သတင်းရင်းမြစ်များက ပြောဆိုကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း ၊ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း ၊ စလင်း (ပကဖ) ၊ မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုံးအဖွဲ့ ၊ ဒေါင်းညီနောင် ပျောက်ကြားအဖွဲ့တို့မှ တာဝေးပစ် လက်နက်ကြီးအပါအဝင် လက်နက်ကြီး၊ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top