ဘုတလင်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က ရက်ရက်စက် စက်သတ် ဖြတ်

ဘုတလင်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က ရက်ရက်စက် စက်သတ် ဖြတ်၊ ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံ စည်းရိုးတွင် ချိတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူနှင့်ကလီစာများထုတ်ပြီး အရိုးကျန်သည်အထိ အသားများ ခြစ်ထုတ် သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်ကောင်စီက ရက်ရက်စက်စက်သတ်ဖြတ်ထားပြီး သတ်ဖြတ်ရာတွင် ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံစည်းရိုးများတွင် ချိတ်ထားခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူများထုတ် အသားများကို အရိုးသာကျန်သည်အထိ ခြစ်ထုတ်၍ အလွန်ရက်စက်စွာ သတ်ဖြတ်ထားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်တပ်က ဝင်ရာက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာလုံးကျွတ်ကို မီးရှို့ခဲ့ပြီး အိမ်ခြေ ၅၀၀ ကျော်ရှိသော ကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော် ပြာကျသွားကြောင်း၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ညနေပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာသွားပြီးနောက် အလွန်ရက်စက်စွာ သတ်ဖြတ်ထားသော ပြည်သူ ၆ ဦး၏ အလောင်းများကို တွေ့ရှိရကြောင်း စီပါကျေးရွာ ပကဖတာဝန်ခံ ကိုမိုးသောက်က ပြောဆိုသည်။

“စစ်တပ်က ပြည်သူ ၆ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ထားခဲ့တယ်။ ဦးခေါင်းတွေကို ဖြတ်ပြီး ခြံစည်းရိုးပေါ်ကို တင်ထားခဲ့တယ်။ ရွာကိုလည်း မီးရှို့တာ အိမ်ခြေ ၃၀၀ ကျော်လောက် မီး လောင်ဆုံးရှုံတယ်။ သေဆုံးသူတွေက စီပါရွာမှာနေထိုင်တဲ့ သက်ကြီးရွယ်အိုအမျိုးသား တွေပါ။ ကျန်တဲ့အသတ်ခံရသူတချို့ကတော့ ဘယ်က ဖမ်းခေါ်လာပြီး သတ်တာလဲအတိကျ ပြောလို့မရသေးဘူး။ ရုပ်အလောင်းတွေကလည်း ပုတ်ပွနေတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ်ရာတွင် ခေါင်းနှင့်ခြေလက်များ ဖြတ်ပြီး ခြံ စည်းရိုးတွင် ချိတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ လူခန္ဓာကိုယ်မှ အူနှင့်ကလီစာများထုတ်ပြီး အရိုးကျန်သည်အထိ အသားများ ခြစ်ထုတ် သတ်ဖြတ်ခြင်း၊ လူ၏ အူနှင့် ကလီစာများကို ရွာနေရာအနှံ့တွင် စွန့်ပစ်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“အသတ်ခံရသူတွေက သာမန်အရပ်သားတွေပါ။ စီပါကျေးရွာက ဦး‌တင်လှိုင် ၊ ဦးကြောင်ပို ၊ ဦးရာစိန်၊ ဦးဌေးလွင် နဲ့ ကျန် ၂ ဦး နာမည် မသိရသေးဘူး။ စိစစ်နေပါတယ်။ စုစုပေါင်း ပြည်သူ ၆ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားတာပါ” ဟု စီပါကျေးရွာပကဖ တာဝန်ခံ ကိုမိုးသောက်ကရှင်းပြသည်။

စီပါကျေးရွာကို မီးတင်ရှို့ပြီး ပြည်သူများကို သတ်ဖြတ်ခဲ့သော စစ်တပ်စစ်ကြောင်းမှာ မုံရွာအခြေ စိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်းထိုးလာသော စစ်ကြောင်းဖြစ်ကြောင်း ၊ ထိုစစ်တပ်စစ်ကြောင်းက ဘုတလင်မြို့နယ်မှ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းကိုသတ်ဖြတ်ခဲ့ကာ ဓားစားခံပြည်သူ ၁၀၀ ဦး၀န်းကျင်ကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *