အောင်ပွဲခံယာဉ်တန်းကြောင့် စစ်ကောင်စီတပ် စခန်း ၂ ခုစွန့်ပြေး

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဘလယ်ဒိုကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ကာကင်းစန်း ၂ ခုဟာ အောက်တိုဘာ ၁၉ ရက်နေ့ညက ရုတ်တရက် စွန့်ခွာထွက်ပြေးသွားတဲ့ အတွက် အဲဒီတပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်တွေက အလွယ်တကူသိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့တွေ ဟာ လေ့ကေ့ကော် အနီးက အမြောက်ကုန်း (စွယ်တော်ကုန်း) သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် အောင်ပွဲခံပြီး ပြန်လာချိန်မှာ ဒီစခန်း ၂ ခုက စစ်ကောင်စီတပ်တွေ ရုတ်တရက်ထွက်ပြေးသွားကြတာလို့ မြေပြင်တပ်ဖွဲ့ဝင်တွေကပြောပါတယ်။

မြေပြင်ရဲဘော်တဦးက “ကျနော်တို့က စွယ်တော်ကုန်းရလို့ ယဉ်တန်းနဲ့ အောင်ပွဲခံပြီး ပြန်လာတာကို သူတို့နားရောက်တော့ ဘယ်လိုထင်ပြီး ပြေးကြတာလဲမသိဘူး။ သေနတ် တချက်မှမဖောက်လိုက်ရဘဲ ကျနော်တို့ သိမ်းနိုင်ခဲ့တာ။ ခုတော့ အဲစခန်းတွေ ကျနော်တို့လက်အောက်မှာပါ” လို့ ပြောပါတယ်။

အဲဒီကာကင်း ၂ ခုဟာ သေဘောဘိုးစခန်းရဲ့ ကာကင်းတွေဖြစ်ပြီး အင်အား ၇၀ ဝန်းကျင် ချထားတဲ့နေရာတွေဖြစ်တယ်လို့ ဒီစခန်းကနေ တော်လှန်ရေးတပ်တွေဘက် CDM လုပ်လာတဲ့ ရဲဘော် တချို့က ပြောပါတယ်။

မြဝတီမြို့နယ်၊ လေးကေ့ကော် မြို့သစ်အနီးမှာရှိတဲ့ အမြောက်ကုန်း (စွယ်တော်ကုန်း) ကို KNLA နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက အောက်တိုဘာ ၁၇ ရက်နေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။

အဲဒီစခန်းသိမ်းအောင်ပွဲခံယာဉ်တန်း အပြန်မှာ သေဘောဘိုး ကာကင်းစခန်း ၂ ခု က ရုတ်တရက် ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top