ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကမြန်မာ-တရုတ် နယ်စပ်မှာရှိတဲ့ ပန်ဝါမြို့ကို အောက်တိုဘာ ၁၈ ရက်ညမှာအပြီးသတ်သိမ်းပိုက်လိုက်ပါတယ်။
ဒါကြောင့် နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၈၅ မြို့ရှိလာပါတယ် ။
တရုတ်ဖိအားပေးနေတဲ့ကြားကပဲ KIA ကလည်း ချီဖွေ ၊ဆော့လော် ၊ပန်ဝါမြို့တွေ နဲ့ စစ်တပ်စခန်း ၊BGF နဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာပါ ။
အခုဆိုရင်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း အနည်းဆုံး ၁၂ မြို့ ရှိနေပြီဖြစ်ပါတယ် ။
ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်းမြို့ကိုလည်း KIA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေကသိမ်းပိုက်ထားပါသေးတယ် ။
ဒါအပြင် တော်လှန်ရေးတပ်တွေကသိမ်းပိုက်ထိန်းချုပ်ထားပေမယ့်သတင်းမထုတ်ပြန်တာကြောင့် မပါသေးတဲ့မြို့တွေလည်းကျန်ရှိနိုင်ပါတယ် ။
လက်တလောမှာ အာရက္ခတပ်တော်(AA)ကမောင်တော ၊အမ်း ၊ဂွမြို့နယ် ၊ PDF တွေက ထီးချိုင့်၊အင်းတော်မြို့ ၊KNU နဲ့ PDF တွေကဖာပွန်မြို့တွေက စစ်တပ်လက်ကျန်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးမြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြပါတယ် ။
Leave a Reply