ကန်ပိုက်တီအခြေစိုက် ကချင် BGF ၁၀၀၃ တပ်ရင်းဌာနချုပ်ကို KIA ထပ်သိမ်း

ကချင်အထူးဒေသ-၁ ၏ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ဖြစ်သော ဆဒုံး-ကန်ပိုက်တီလမ်းပိုင်းရှိ အမှတ် (၁၀၀၃) တပ်ရင်းအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ယနေ့ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

KIA သည် စက်တင်ဘာနောက်ဆုံးပတ်မှစတင်ကာ ကချင်အထူးဒေသ-၁ အတွင်း စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာ ယနေ့အထိ BGF ၁၀၀၃ တပ်ရင်းအပြင် ချီဖွေ၊ ဆော့လော်နှင့် ပန်ဝါမြို့တို့ကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သည်။

ပန်ဝါမြို့အခြေစိုက် BGF အမှတ် (၁၀၀၂) တပ်ရင်းဌာနချုပ်အား အောက်တိုဘာ ၁၅ ရက်နေ့ကတည်းက သိမ်းပိုက်ထားပြီး ဖြစ်သည်။

ကချင်အထူးဒေသ-၁ အတွင်း နယ်ခြားစောင့်တပ်ရင်းဌာနချုပ် သုံးခုရှိသည့်အနက် လတ်တလောတွင် ဖီမော်အခြေစိုက် အမှတ် (၁၀၀၁) နယ်ခြားစောင့် တပ်ရင်းတခုသာကျန်ရှိပြီး လက်ရှိ ထိုနေရာ၌ စစ်ရေးဆောင်ရွက်မှုသတင်းများ မသိရှိရသေးကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *