ယင်းမာပင်မြို့ပေါ် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားနေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ စခန်း၊ အမျိုးသားဥယျာဉ်၊ ခရိုင်စုပေါင်းရုံး၊ ရေအရင်းမြစ်ဂိတ်နဲ့ ယင်းမာပင်ဆေးရုံကြီးတို့ကို လက်နက် ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်‌ ရေးတပ်ဖွဲ့ (Salingyi) က ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုမှာ ၆၀ မမ၊ ၈၀မမ၊ ၁၂၀ မမ လက်နက်ကြီးတွေကို အသုံးပြုတိုက်ခိုက်ခဲ့ပြီး အထိနာသွားတဲ့ အကြမ်းဖက်စစ်သားတွေက ၆၀ မမ၊ စက်လက်၊ လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ရဲဘော်တွေကတော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အဲဒီစစ်ဆင်ရေးမှာ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်‌ ရေးတပ်ဖွဲ့ (Salingyi) နဲ့ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅) တပ်ခွဲ(၃) တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃၅) တပ်ခွဲ(၃)တပ်စိတ်(၁) 5/Fighter (Monyawa)၊ Royal brother ၊ SPDFတပ်ဖွဲ့၊ ပွဲတိုင်း‌ကျော်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *