စက်တင်ဘာလတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁,၀၀၀ ကျော် သေဆုံး

စက်တင်ဘာလတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁,၀၀၀ ကျော် သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရ

စစ်တင်ဘာလတွင်း နိုင်ငံတစ်ဝန်း တိုက်ပွဲပေါင်း (၃၃၀) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁,၀၉၉) ဦး သေဆုံးကာ (၃၁၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

နိုင်ငံတစ်ဝန် မြို့နယ်ပေါင်း (၁၉၉) ခုမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက် တပ်ဖွဲ့ဝင် (၂၉)ဦး ကျဆုံးပြီး (၃၈)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီ တိုက်ပွဲတွင်း လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး/လက်နက် ပစ်ခတ်မှု၊ ဒရုန်း ပစ်ခတ်မှုတွေကြောင့် အရပ်သား (၁၂၄) ဦးသေဆုံးပြီး (၈၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာလတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ယခင် သြဂုတ်လတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲထက် ၂၆.၅၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားမှု အများဆုံးဟာ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ မကွေးတိုင်း တို့ဖြစ်ပြီး စစ်ကိုင်းတိုင်း တိုက်ပွဲဖြစ်ပွားမှုနှုန်းဟာ အရင်လထက် ၄.၅၅ ရာခိုင်နှုန်းထက် မြင့်တက်လာပြီး နိုင်ငံတစ်ဝန်း တိုက်ပွဲဖြစ်ပွားမှုအများဆုံး ဒေသဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်စခန်း၊ ဌာနချုပ်၊ ဗျူဟာကုန်းနဲ့ ရဲစခန်း စုစုပေါင်း (၁၉)ခုကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ချီဖွေမြို့ရှိ စစ်ကောင်စီ တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တို့က စက်တင်ဘာလတွင်း ထိုးစစ်ဆင်တိုက်ခဲ့ပြီး ခုနှစ်မြို့မြောက် ချီဖွေမြို့ကို သိမ်းပိုက်ရရှိထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *