လေကြောင်းမှဗုံးကြဲပြီး ထွက်ပြေးသူများကို စက်သေနတ်ဖြင့်လိုက်လံပစ်ခတ်

စစ်ကောင်စီက မတ္တရာမြို့နယ်ရှိ အရပ်သားများကို လေကြောင်းမှဗုံးကြဲပြီး ထွက်ပြေးသူများကို စက်သေနတ်ဖြင့်လိုက်လံပစ်ခတ်၍ ၁ နှစ်သားကလေးနှင့် မိခင်ဖြစ်သူတို့ သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧရာဝတီမြစ်ကမ်းတ လျှောက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေ ကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိ ကျေးရွာများကို ယမန်နေ့ အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ညနေ ၄ နာရီ ၇ မိနစ်၊ ၁၄ မိနစ်၊ ၄၈ မိနစ်နှင့် ၆ နာရီ ၂၆ မိနစ်ခန့်တို့တွင် မိတ္ထီလာမှတက်လာသည့် ဂျက်ဖိုက်တာတစ်စင်း၊ တံတားဦးမှတက်လာ သည့် ဂျက်ဖိုက်တာ သုံးစင်းနှင့် MI 35 နှစ်စီး စုစု‌ပေါင်း ခြောက်စင်း တို့ဖြင့် မတ္တရာနယ် ဝန်စုရွာနှင့် ဝေါစုရွာအပြင် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် Wetlet Information Network ထံက သိရသည်။

“ဂျက်ဖိုက်တာနဲ့ အရင်ဆုံးလာပစ်တယ်။ နောက် MI 35 တက်လာပြီးထပ်ပစ်တာ ၁၄ မိနစ်ကနေ ၄၈ မိနစ်ထိ။ တတိယအကြိမ်ပစ်တဲ့ အချိန်မှာစက်သေ နတ်မှန်ပြီး သားမိနှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ် ရာရရှိခဲ့တယ်”ဟု Wetlet Information Network ထံက သိရသည်။

ယင်းသို့ စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံး ကြဲတိုက်ခိုက်ခဲ့ပြီး ထွက်ပြေးသူများကို စက်သေနတ်များဖြင့်ပါလိုက်လံ ပစ်ခတ်ခဲ့သည့်အတွက် အသက် ၂၈ နှစ်အရွယ်အမျိုး သမီးနှင့် အသက်တစ်နှစ်ကျော်သာရှိသေးသည့် ကလေးငယ်တို့ သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဝေါစုရွာ၊ ဝန်စုရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများကို ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲခြင်းကြောင့် ဒေသခံများက မြွေတလိုင်းရွာဘက်သို့ထွက်ပြေးရာတွင် အပေါ်မှ စက်သေနတ်များဖြင့် လိုက်လံပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *