AA နဲ့အတူ အမ်းဒေသ ပူးတွဲစစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့သေဆုံး

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့နယ်က တိုက်ပွဲတွေအတွင်း အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ကျောင်းသားလက်ရုံးတပ်တော် (SAF) ရဲဘော် 586 ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်နေစဉ် အောက်တိုဘာလ ၂၀ ရက်နေ့မှာ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) က ရဲဝေပိုင်အောင် (ခ) ပိုင်ကြီးဟာ အမ်းမြို့နယ်က စစ်ဆင်ရေးမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က AA ရဲ့ ထိုးစစ်မှာ အညာဒေသက ကာကွယ်ရေးတပ်ဖွဲ့တွေ အပါအဝင် အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက AA ဘက်က ဝင်ရောက်တိုက်ခိုက်မှုတွေ ရှိနေသလို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ချင်းပြည်နယ်ရဲ့ ဒေသတချို့မှာလည်း AA တပ်ဖွဲ့ဝင်တွေရဲ့ ပူးပေါင်း တိုက်ခိုက်မှုတွေ ရှိနေတာပါ။

ချင်းပြည်နယ်က မတူပီမြို့ သိမ်းပိုက်နိုင်ခဲ့ တိုက်ပွဲမှာ ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ အာရက္ခတပ်တော် (AA)၊ ယောတပ်မတော် (Yaw Army) နဲ့ ယောကာကွယ်ရေးတပ် (YDF) တို့ပူးပေါင်းပါဝင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောထားပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (People’s Liberation Army – PLA Photo)


Comments

Leave a Reply

Your email address will not be published. Required fields are marked *