နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သင်တန်းသားသစ် ၂၀၀ ခေါ်ယူ၍ စစ်သင်တန်းပေးမည်

နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် သင်တန်း သားသစ် ၂၀၀ ခေါ်ယူနေပြီး ဌာနလေးခုတွင် စစ်သင်တန်းပေးမည်ဖြစ်ကြောင်း တပ်ဖွဲ့ထံက သိရသည်။

နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွင် လက်နက်ကိုင်တိုက်ခိုက်ရေးအဖွဲ့၊ လက်နက်ငယ် တိုက်ခိုက် ရေးအဖွဲ့၊ လက်နက်ကြီးတိုက်ခိုက်ရေးအဖွဲ့၊ ဒရုန်းတပ်နှင့် ရုံးပိုင်းဆိုင်ရာ စသည့် ဖွဲ့စည်းထား သည့်ဌာနများတွင် တာဝန်ထမ်းဆောင်ရန်အတွက် သင်တန်းသားသစ် ၂၀၀ ကို ခေါ်ယူသင်တန်း ပေးမည်ဖြစ်ကြောင်း သိရသည်။

“လတ်တလောရောက်လာတဲ့ သင်တန်းသားသစ်တွေကို အခြေခံသင်တန်းတွေပေးနေတာ ရှိပါတယ်။ ထပ်ပြီးဆော့ သင်တန်းသားသစ် ၂၀၀ ခေါ်ယူပြီးတော့ သင်တန်းပေးပါမယ်။ ဝင်ရောက်ချင်သူများရှိရင် ဖိတ် ခေါ်ပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDO ရုံးအဖွဲ့မှူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် နေပြည်တော်တပ်ဖွဲ့သည် မဟာမိတ်တပ်များနှင့် ပူးပေါင်းပြီး တိုက်ပွဲများတွင် ပါဝင် ဆင်နွှဲတိုက်ခိုက်နေပြီး နောက်တန်းရဲဘော်များမှလည်း ပြင်ဆင်စုဖွဲ့‌ဆောင်ရွက်နေကြောင်း နေပြည်တော် ပကဖ PDO ရုံးအဖွဲ့မှူးထံက သိရသည်။

နေပြည်တော် ပြည်သူ့ကာကွယ်အဖွဲ့သည် အာဏာရှင် စနစ်ဆိုးကို အတူဖြိုဖျက်တွန်းလှန်ရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့က ရဲဘော်သစ်များကို စိစစ်ရွေးချယ်ခေါ်‌ယူခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top