မြန်မာနိုင်ငံကို အချုပ်အခြာ အာဏာပိုင်ခွင့်မရှိသည့် နိုင်ငံဖြစ်အောင် သွေးခွဲနေဟု အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းပြောပြန်

အင်အားကြီးနိုင်ငံများအကြားရှိ မြန်မာနိုင်ငံကို အချုပ်အခြာ အာဏာပိုင်ခွင့်မရှိသည့် နိုင်ငံဖြစ်အောင် သွေးခွဲနေဟု အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းပြောပြန်

အင်အားကြီးနိုင်ငံများအကြားရှိနေသော မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင်ခွင့်မရှိသည့် နိုင်ငံဖြစ်အောင် သွေးခွဲနေကြကြောင်း အကြမ်းဖက်ဒုစစ်ခေါင်း ဆောင် စိုးဝင်းက ပြောဆိုပြန်သည်။

ယမန်နေ့ ၇၇ နှစ်မြောက်လွတ်လပ်ရေးအခမ်းအနားကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးတွင် အကြမ်းဖက် ဒုစစ်ခေါင်းဆောင်စိုးဝင်းက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံများအကြားတွင်ရှိပြီး တိုင်းရင်းသားလူ မျိုးပေါင်းစုံ လူမျိုးပေါင်းတစ်ရာကျော်ဖြင့် ဖွဲ့စည်းထားသည့် အတွက် ၎င်းတို့အလိုအကျ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ခွင့်မရှိသည့်နိုင်ငံဖြစ်အောင် ကြိုးပမ်းနေကြာင်း၊ အချို့နိုင်ငံများသည် လွတ် လပ်ကြသော်လည်း အချုပ် အခြာ အာဏာ ပိုင်ဆိုင်မှုမရှိကြောင်း၊ အချို့နိုင်ငံများသည် အချုပ်အခြာ အာ ဏာပိုင်ဆိုင်ကြသော်လည်း လွတ်လပ်မှု မရှိကြကြောင်း၊ ကမ္ဘာ့နိုင်ငံရေးဇတ်ခုံပေါ်တွင် Balance of Power ဟု ခေါ်သည့် အင်အားချိန်ခွင်လျှာ ပျက်ယွင်းခြင်းများကို တွေ့မြင်ရကြောင်း၊ ငါနှင့်မတူ ငါ့ရန်သူ ဆို၍ ဖိအားပေးသည့် ကိစ္စရပ်များ၊ ငါနှင့်တူသော်လည်း ငါ့အလိုကျ ကြိုးဆွဲကနိုင်ရန်အတွက် Proxy ခေါ်ရုပ် သေးအစိုးရဖြစ်စေရေး ကြိုးစားမှုများကို ယနေ့ ကမ္ဘာ့နိုင်ငံရေးဇတ်ခုံတွင် တွေ့ရှိရကြောင်း ၎င်းက ပြောဆိုသည်။

ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးတွင်ပါဝင်မှုဖြင့် ထောင်ဒဏ် နှစ်ရှည်ကျခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့အာဏာတည်မြဲရေးအတွက် ပြည်ပနိုင်ငံများက မြန်မာ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်နေပြီဟုလည်း ကောင်း၊ ပြည်ပက မြန်မာနိုင်ငံကို ကျူးကျော်တော့မည်ဟုလည်းကောင်း ပြည်သူကို အမျိုးမျိုး လှည့်ဖြားကာ အစွန်းရောက် အမျိုး သားရေးဝါဒဖြင့် စစ်တပ်ဘက်မှ ရပ်တည်ရန် အမြဲလိုလို ခေတ်အဆက် ဆက် ဝါဒဖြန့်ခဲ့၊ ဝါဒဖြန့်နေဆဲဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

“မြန်မာနိုင်ငံကြီး ပြိုကွဲအောင် ပြည်ပနိုင်ငံကြီးတွေနဲ့အနောက်နိုင်ငံတွေက သွေး ထိုးနေတယ်၊ သွေးခွဲနေတယ်။ ကိုလိုနီနယ်ချဲ့တွေ အမွေဆိုးတွေကြောင့် ပြည်ထောင်စုကြီး ပြိုကွဲတော့မယ် ဆိုတာမျိုး ဦးနေဝင်းခေတ်ရော၊ မဆလခေတ်ရော ၊န၀တ၊ နအဖနဲ့ အခု မအလ ခေတ်မှာပါ ခေတ်အဆက်ဆက် နိုင်ငံရေးမှိုင်းတိုက်ခဲ့တာ။ တစ်နိုင်ငံလုံး၊ လူထုအားလုံး တပ်မတော်ကြီးနောက်မှာ ရပ်တည်ကြ၊ တပ်မတော်ကို ဝန်းရံကြ၊ ထောက်ခံကြ ဆိုတာက တကယ် တမ်း သူတို့အာဏာတည်မြဲရေး ခြောက်လုံး၊ လှန့်လုံးတွေပဲ။ တိုင်းပြည်ကြီး ချောက်ထဲကျဖို့ လက်တစ်လုံးအလိုမှာ တပ်မတော်ကြီးက ကယ်တင်လိုက်ပြီဆိုတာမျိုးတွေ တောက်လျှောက် ဝါဒဖြန့် မှိုင်းတိုက်ခဲ့တာပဲ။ ဘယ်သူကမှလည်း ကျူးကျော်မနေဘူး။ ပြည်သူကို ခြောက်အောင်က တကယ်ခြောက်လှန့်နေတာက စစ်တပ်ပဲ။ ဒီနေ့ ပြဿနာတွေကလည်း စစ်အာဏာသိမ်းလို့ဖြစ်လာတာ။ စစ်တပ်အာဏာ စွန့်လိုက်ရင် ပြဿနာအားလုံးက ပြီးနေပြီ” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းက သုံးသပ်ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *