ပေါင်းတည်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းမှ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံကပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ည ၉ နာရီခွဲအချိန် ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့တွင် စစ်အင်အား ၅၀ ဦးခန့်ဖြင့် စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၁ ၊တပ်ခွဲ ၅ တို့က မိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံး စစ်သား ၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိပြီး စစ်တပ်ဘက်မှ သေဆုံးခြင်းရှိ၊ မရှိကိုအတည်ပြုနိုင်ရန်ဆက်လက်စုံစမ်းထောက်လှမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များမှာအထိအခိုက်အန္တရာယ်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *