ဘုတလင်၊ စိုင်ပြင်လေးကျေးရွာသို့ ရောက်ရှိခဲ့သော စစ်တပ်စစ် ကြောင်း ကို လက်နက်ကြီးများဖြင့် ပစ်ခတ်

ဘုတလင်၊ စိုင်ပြင်လေးကျေးရွာသို့ ရောက်ရှိခဲ့သော စစ်တပ်စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုစစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

https://youtu.be/oWoKO4X1rgY

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာအတွင်းသို့ ရောက်ရှိခဲ့သော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Monywa Inventor အဖွဲ့မှ တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက် က ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန် ဘုတလင်၊ စိုင် ပြင်လေးကျေးရွာအတွင်းတွင် လူသတ်၊ မီးရှို့ရန် ရောက်ရှိနေသောအကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၄၀ မမ ၁၀ လုံး၊ ၆၀ မမ ၁၀ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား များထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ထိခိုက်မှုကတော့ များတယ်လို့ သိရတယ်။ အရေအတွက်တော့ အတိအကျ မသိရဘူး။ ကျနော် တို့ အဖွဲ့က ဆားလင်းကြီးအခြေစိုက်အဖွဲ့ပါ၊ ပြည်သူတွေကို သတ်တာမကျေနပ်လို့ ဘုတလင်နယ်ထဲ အထိ သွားပစ်ခဲ့တာ၊ ပစ်ပြီးတော့ ကျနော်တို့လည်း ပြန်ဆုတ်လာခဲ့တာ။ အပြန်အလှန်တိုက်ပွဲတော့ မဖြစ်ခဲ့ဘူး။ စခတွေဘက်က လက်နက်ကြီးနဲ့ပြန်ပစ်တာတော့ရှိတယ်။ နောက်ပြီး မုံရွာ နမခဘက်ကနေလည်း ဟောင်ဝှစ်ဇာနဲ့ ပြန်ပစ်တယ်။” ဟု Monywa Inventor အဖွဲ့မှ တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Monywa Inventor အဖွဲ့၊ ချင်းတွင်း ဒိုင်းနမိုက်အဖွဲ့နှင့် BLDF အဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

https://youtu.be/oWoKO4X1rgY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top