နယ်စပ်မှ မြန်မာသို့ ပို့ကုန်အားလုံး တရုတ်ပိတ်

မန္တလေးကောင်စစ်ဝန်ရုံး ဗုံးပစ်ခံရပြီးနောက် တရုတ်က ယူနန်ပြည်နယ်အစိုးရ ပို့ကုန်မူဝါဒ အရဆိုကာ နယ်စပ်မှ မြန်မာသို့ တင်ပို့နေသည့် စားသောက်ကုန်၊ အိမ်သုံးပစ္စည်း လျှပ်စစ်ပစ္စည်း အမျိုးမျိုးနှင့် ဆိုလာဘက်ထရီပြား၊ အင်ဂျင်၊ မီးသီးမီး အိမ်များ၊ အိမ်ဆောက်ပစ္စည်းများကို ယာယီတင်ပို့ခွင့် အောက်တိုဘာ ၂၂ရက်မှစ၍ ပိတ်လိုက်သည်။

ထိုသို့ ပိတ်လိုက်ခြင်းကို ယူနန်ပြည်နယ် အစိုးရက နယ်စပ်ရှိ တရုတ်ကုန်သည်များ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းထံ အသိပေးထားသော်လည်း မြန်မာဘက်မှ တရုတ်သို့တင်ပို့မည့် သစ်သီးဝလံစသည့် ကုန်များနှင့် ပတ်သက်၍မူ ခွင့် ပြုမပြု မသိရသေးသည့်အတွက် အခြေအနေမှာ ရှုပ်ထွေးနေကြောင်းသိရသည်။

မူဆယ်ဒေသခံ နယ်စပ်ကုန်သည်ကြီး တဦးက “အဓိကတော့ လျှပ်စစ်ပစ္စည်းတွေရယ်၊ အိမ်သုံးပစ္စည်းတွေ တနိုင်တဆွဲ ဝင်နေတဲ့ ဟာတွေကို ပိတ်လိုက်တာပါ။ ဝ ဘက်ရော၊ မိုင်းလားဘက်ရော ကျပ်နေသလိုမျိုး ဒီဘက်ကိုလည်း ကျပ်တာ ပေါ့နော်။ ပိတ်လိုက်ရင်တော့ မူဆယ်ဒေသခံတွေရော ပြည်တွင်းသုံးတဲ့သူတွေရော အကုန်လုံးအခက်အခဲ ဖြစ်မှာ။ သူတို့ ပိတ်တဲ့အထဲ စက်သုံးဆီတော့ မပါသေးဘူး။ မူဆယ်ဒေသကတော့ တရုတ်ဘက်ပဲ မှီခိုနေရတာ။ တရုတ်က တောက်လျှောက်လည်း ကျပ်နေတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ မိုင်းလားဟု တရားဝင် နယ်စပ်ကုန်သွယ်ရေးဇုန် ၅ ခုရှိသည့်အနက် ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် မိုင်းလား နယ်စပ်ကုန်သွယ် ရေးတခုသာ တရားဝင် ကုန်သွယ်မှုပြုန်ိုင်တော့ရာ ယခုအခါ ယူနန်ပြည်နယ်အစိုးရ မူဝါဒဆိုပြီး ဂိတ်အားလုံးကို ပိတ်လိုက်ခြင်းဖြစ်သည်။

ယခင် အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ် ၁၀၅ မိုင်ဂိတ်တွင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နန်းတော် ဂိတ်နှင့် ဆင်ဖြူဂိတ်သာရှိတော့ရာ နန်းတော်ဂိတ်မှာ လူဝင်/လူထွက်သာ ခွင့်ပြုထားပြီး ဆင်ဖြူဂိတ်မှ တနိုင်တပိုင် ဒေသတွင်း ကုန်သွယ်မှုကို လေးဘီးကားဖြင့် လူတဦးလျှင် ယွမ် ၈၀၀၀ အထိ ခွင့်ပြုထားရာမှ ယခုအခါ လုံးဝပိတ် လိုက်ခြင်း ဖြစ်ကြောင်း မူဆယ် နယ်စပ်ဒေသခံကုန်သည်များက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှ စတင်ပြီး တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဂိတ်များကို ပိတ်ထားသလို ဆေးဝါးတင်သွင်းခွင့် လည်း ပိတ်ထားသောကြောင့် မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ ကွတ်ခိုင် အစရှိသည့် ရှမ်းမြောက်ဒေသများတွင် ဆေးဝါးများ ပြတ် လပ်နေပြီး စားသောက်ကုန်ဈေးနှုန်းများမှာ လက်ရှိအချိန်အထိ အဆမတန် မြင့်တက်နေဆဲ ဖြစ်သည်။

ယခုကဲ့သို့ ပိတ်ပင်ခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်တပ်များအား ဖြတ်လေးဖြတ် ပုံစံမျိုးဖြင့် သတိပေး လုပ်ဆောင်ခြင်းမျိုးဖြစ်ကြောင်း ကုန်သည်များက ပြောဆိုကြသည်။

မိုင်းလားနယ်စပ်မှတဆင့် တရုတ်ဘက်သို့ ပို့ကုန်တင်ပို့နေသည့် လုပ်ငန်းရှင်တဦးက “တရုတ်ဘက်ကတော့ ဖြတ်လေး ဖြတ်တို့ ဘာတို့ပတ်သက်ပြီးတော့ မပေးဘူးဆိုပြီး အကုန်လုံး နယ်စပ်ပေါက်တွေ ပိတ်မယ်ဆိုပြီးကြေညာထားတာတော့ ရှိတယ်။ ပိတ်လည်း မှောင်ခိုလမ်းကြောင်းကတော့ သွားမှာပေါ့နော်။ ပို့ကုန်ကတော့ အခု လက်ရှိအချိန်ထိ ဘာမှ မကြား သေးဘူး။ မိုင်းလားဘက်ကတော့ လိုင်စင်ချမပေးတာ ဘာညာ ပြောတာတော့ စကစဘက်ကတော့ မရှိသေးဘူး” ဟု ပြောသည်။

ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် အာရက္ခတပ်တော် (AA) စသည့် မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့မှ ထိန်းချုပ်ထားသည့် မြန်မာ- တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်ရှိ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန် ဆိုင်း)၊ ရန်လုံကျိုင်းနှင့် နမ့်ခမ်းမြို့ရှိ ကုန်သွယ်ရေးဂိတ်တို့ကို ဇူလိုင်လမှ စတင်၍ တရုတ်ဘက်မှ ပိတ်ထားသလို လက်ရှိ တွင်လည်း ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးနှင့် ပန်ဝါမြို့ရှိ နယ်စပ် ကုန်သွယ်ရေးဂိတ်များကို ယခု ရက် ပိုင်းအတွင်း တရုတ်ဘက်က ပိတ်ထားကြောင်း သိရသည်။

ကန်ပိုက်တည် နယ်စပ်ကုန်သည်တဦးက “ပုံမှန်အခြေအနေ မဖြစ်တော့ဘူး။ မြန်မာ နယ်စပ်ဂိတ်ကို ဖွင့်ထားတယ်။ ကုန်သည်လုပ်ငန်းရှင်တွေကတော့ ကုန်သွယ်မှုတွေက ရပ်ထားတယ်။ တရုတ်ဘက်ကလည်း ဖိအားက များတယ်။ တရုတ်က ပိတ်ချင်လဲ ဘာမှ ကြိုတင်အကြောင်းမကြားဘဲ ထပိတ်ဖြစ်တာ။ ကိုယ့်ဘက်က ဘာမှ မှန်းဆလို့ မရဘူး။ တရုတ်က ပိတ်လားဆိုရင် ကန်ပိုက်တီကို ဖြတ်လာပြီး မြန်မာဘက်မှာ ဂျူတီမဆောင်ရသေးတဲ့ကားတွေဆိုရင် ဆင်းတယ်။ အသစ်ကတော့ ထပ်မလာတော့ဘူးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် တရုတ်နယ်စပ်ကုန်သွယ်ရေး အနေဖြင့် မူဆယ်- ကျယ်ခေါင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ကျင်စန်းကျော့၊ ဆင်ဖြူ၊ မန့်ဝိန်း၊ နန်းတော်ဂိတ်၊ ပန်ဆိုင်းဂိတ်တို့ရှိသည့်အနက် နန်းတော်နှင့် ဆင်ဖြူဂိတ်တို့သာ စစ်ကောင်စီ ထိန်းချုပ်နိုင်ပြီး ကျန်သည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များအား လက်လွှတ်ထားရပြီး ဖြစ်သည်။

စ-စ်-တ-ပ်-ဘက်ကနေ ဗြောင်ကျကျရပ်တည်လာခဲ့ပြီး တော်-လှ-န်-ပြည်သူတွေကို. ဒါဘဲထင်တယ်လို့လှ-န်-ပြ-လာနေတဲ့.စိနဟာ နောက်တဆင့်တက်ပြီး စ-စ်-တ-ပ်အတွက်.လ-က်-န-က်ပစ္စည်းတွေကို ပိုမိုရောင်းချပေးနေပေမယ့် ပြည်သူတွေအသုံးပြုနေတဲ့ ဆေးဝါးတွေ၊လူသုံးကုန်ပစ္စည်းတွေ၊ လျှပ်-စစ်-ပစ္စည်းတွေနဲ့စက်-ယ-န္တရား-တွေကိုတော့ သူ့နိုင်ငံကပေး-မ-ထွ-က်-တော့ဘဲ ပိ-တ်ဆို့လိုက်ပါတယ်

ပထမအဆင့်မှာ တိုင်းရင်းသားလ—က်-နက်-ကိုင်တွေကိုပိ-တ်-ဆို့ခဲ့ပြီး နောက်တဆင့်မှာတော့ ပြည်သူတွေကို-ပိ-တ်-ဆို့-လာခဲ့တာပါ

သူလုပ်နိုင်-တဲ့-ည-စ်-ကွ-က်၊ယု-တ်-ကွ-က်မှန်သမျှကို တဆင့်ခြင်းလုပ်လာနေပေမယ့် သူ့အတွက်တန်-ပြန်-သက်-ရောက်မှု့ ကြီးကြီးမားမားဖြစ်မလာသေးလေတော့ နောက်ထပ်-ည-စ်-ကွ-က်အသစ်တွေ အသုံးပြုလာနိုင်ပါသေးတယ်

အရောင်းပိ-တ်-ဆို့-တယ်ဆိုတာက ဝယ်သူအတွက်ထိ-ခို-က်-တယ်ဆိုပေမယ့် ရောင်းသူအတွက်ကလည်းန-စ်-နာ-နိုင်ပါတယ်

နေ့စဥ်နဲ့အမျှရောင်းနေရတဲ့အမြတ်အစွန်းတွေဟာ အရောင်း-ရပ်-သွား-တာနဲ့ဝင်ငွေဟာလည်း ရပ်-တ-န့်-သွားမှာဖြစ်ပြီး နေ့စဥ်ထုတ်လုပ်နေတဲ့ကုန်ပစ္စည်းတွေဟာ
စုပုံသွားမှာဖြစ်သလို အရင်းပြုထားတဲ့ငွေကြေးဟာလည်း လည်-ပတ်-မှု့-မ-ရှိနိုင်တော့ဘဲ.ဆို-င်း-ငံ့သွားမှာပါ

တချိန်တည်းမှာဘဲ ကုန်ပစ္စည်းထုတ်လုပ်ရာမှာလုပ်ကိုင်နေကြတဲ့ ပညာသည်တွေနဲ့အလုပ်သမားများဟာလည်း အလုပ်ရပ်-တ-န့်-သွားကာ.အခ-က်-အခဲ-ဖြစ်လာမှာပါ

ဒါကြောင့်.ဒီလို-ပြ-ဿ-နာ-မျိုးဖြစ်လာချိန်မှာ ရောင်းသူနဲ့ဝယ်သူဟာ ဘယ်သူကတောင့်ခံနိုင်သလဲဆိုတဲ့အနေအထားက အဓိကကျတဲ့အနေအထားကိုရောက်လာပါတယ်

လက်ရှိအနေအထားမှာတော့ ကုန်ပစ္စည်းတွေဟာ မပိ-တ်-ဆို့ခင်ကတည်းက စ-စ်-တ-ပ်ရဲ့အသုံးမဖြစ်တဲ့မူဝါဒတွေကြောင့် စျေးနှုံး-တွေဟာ-ခေါင်-ခို-က်နေခဲ့ပြီးဖြစ်တာမို့ လတ်တလောအနေနဲ့သိသာခြင်း ဖြစ်မလာသေးပါဘူး

မြန်မာပြည်သူတွေအတွက်ကတော့ သန်း-ခါင်ထက်ညဥ့်-ပို-မ-နက်တော့သလို ဟိုဟာဖြစ်နေတဲ့ဘဝမှာ ဟိုဟာကိုမကြောက်နိုင်တော့ပါဘူး

အထပ်ထပ်အခါခါနာ-ကျ-ဥ်-ခံ-စားမှု့တွေဟာ ဘယ်လိုရင်-ကြား-စေ့-မှု့-မျိုးကမှ ပြေပျောက်သွားနိုင်မယ့်အနေအထား-မ-ရှိ-နိုင်တော့ဘဲ အ-ထု-အ-နှ-က်များလာလေ.ငါးဖယ်တေတေပြီး မာကျောလာတော့မယ့်အနေအထားဖြစ်လာမှာပါ

ပိ-တ်-ဆို့-မှု့တွေကို.ပြည်သူတွေနဲ့အတူ တိုင်းရင်းသားလ-က်န-က်-ကို-င်အဖွဲ့အချို့ဟာ အချိန်အနည်းငယ်တောင့်ခံထားနိုင်ခဲ့ရင် စိနအနေနဲ့.တွေ-ဝေ-သွား-နိုင်မှာပါ

လုပ်နေကျနဲ့လုပ်တတ်တာတွေကုန်သွားချိန်အထိ အကျိုးသက်​ရောက်မှု့-ဖြစ်-မလာတော့ခဲ့ရင် ခ-က်-ခဲဘာဆက်လုပ်ရမလဲဆိုတာ-သွားမှာပါ

စိနဟာ.လေးနှစ်နီးပါးအတွင်း မြန်မာပြည်ရဲ့အနေအထားကိုစောင့်ကြည့်နေခဲ့ပြီး
သူ့ကိုယ်ကျိုးစီးပွားကိုကာကွယ်ဘို့ မြန်မာပြည်မှာ ဗဟို-ချု-ပ်-ကို-င်-မှု့အာ-ဏာ-ရှိနေဘို့လိုအပ်တယ်လို့ ယူဆသွားဘွယ်ရှိပါတယ်

အာ-ဏာ-လု-ကောင်ဟာစိ-တ်-မ-မှန်-ဘူးဆိုတာသိပေမဲ့ ဒီမိုကရေစီနဲ့ဖယ်ဒရယ်ဟာ.
စိနနဲ့ပြ-ဒါးတ-လမ်း-သံ-တ-လမ်းဖြစ်နေတာမို့ လိုသလိုချဥ်းကပ်လို့ရမယ့် အာ-ဏာ-ရှင်-ကသာ သူ့-ကိုယ်-ကျိုး-စီးပွားအတွက်အကျိုးဖြစ်ထွန်းမှာပါ

လက်ရှိဖြစ်ပေါ်လာတဲ့အနေအထားကို မြန်မာပြည်သားတွေနဲ့တော်-လှန်-သူ-တွေ
ဘယ်လို-တုန့်-ပြ-န်-မလဲဆိုတာကို စိနအနေနဲ့.စောင့်ကြည့်နေမှာပါ

ကောင်စ-စ်-ဝန်-ရုံးတို-က်-ခို-က်-ခံရမှု့မှာ ဘယ်သူ့လက်ချက်လဲလို့ဒေါ-သ-တကြီးမေးနေတာကိုကြည့်ရင် သူ-ခံ-ရ-လိမ့်-မယ်လို့တွက်ထားပုံမရတာကို မြင်နိုင်ပါတယ်

လွ-တ်-မြော-က်-လို-မှုအတွက် ဘဝတွေ၊အ-သ-က်-တွေမြောက်များစွာ
ရ-င်း-နေ-ခဲ့ကြရပြီးမှ. နောက်တွန့်လို့မဖြစ်နိုင်တဲ့အနေအထားဖြစ်ပါတယ်

စ-စ်-တ-ပ်ဘက်ကတော့ အားကိုးရလာချိန်မှာ ရ-က်-စ-က်-မှု့တွေကိုပြောမထွက်နိုင်လောက်အောင် လုပ်ဆောင်လာနေပြီး နိုင်-ငံ-တ-ကာ-လ-မ်း-ကြောင်းမှု တ-ရား-ဝင်-မှု့-ရလာဘို့ စိနရဲ့အထောက်အပံ့အတွက် အ-ပေး-အ-ယူ-တစုံတရာလုပ်ခဲ့ပုံရပါတယ်

ကရင်ပြည်နယ်ကို စိနနဲ့-မ-ကျေ-လည်ခင်.နားလည်မှု့တွေလုပ်ထားပေမဲ့
စိနရဲ့ထောက်ခံမှုရလာချိန်မှာတော့ သေ့ဘောထ/စ-ခန်း-ဌာန-ချု-ပ်ကိုဗုံ း-ကြဲ-ခဲ့ပြီး ရေဖိုးကြီးနဲ့ပရေရွာဘက်ကိုပါစ-စ်-ဆင်လာပါပြီ

စ-စ်-တ-ပ်ကိုယုံကြည်ပြီး လည်သလိုလ-က်-ရှောင်-နေခဲ့တဲ့အဖွဲ့တွေနဲ့ စ-စ်-တ-ပ်ကိုထာဝရလက်တွဲဖော်အဖြစ်လက်ခံပြီး ကိုယ်ကျိုးစီးပွားကိုသာရှေ့တန်းတင်နေကြတဲ့ BGF.နဲ့DKBAတို့ဟာ စိနရဲ့တို-က်-ကွ-က်အောက်မှာကျား-ဖြ-န့်-ခေါ-င်း-စ-ဥ်နဲ့ ရှ-င်း-လ-င်း-ခံ-သွား-ရနိုင်ပါတယ်

ပိ-တ်-ဆို့-မှု့ကြောင့် အသုံးပြုစရာပစ္စည်း-ရှား-ပါး-လာနိုင်ပေမယ့် နိုင်ငံရဲ့စီးပွားရေးဟာ-မ-တ-ည်-ငြိမ်-နိုင်တော့ဘဲ တည်-ငြိမ်-တဲ့-နိုင်-ငံ-ရေးဆိုတာလည်း ဖြစ်မလာတော့တာမို့ စ-စ်-တ-ပ်အတွက်လည်းအခ-က်-တွေ့-လာနိုင်ပါတယ်

ဘယ်လိုအနေအထားတွေဘဲ မြန်မာပြည်-ရင်-ဆိုင်-ရပါစေ စိနကတော့. သူ့-အ-ကျိုးစီ-းပွားကိုသာရှေ့တန်းတင်မှာပါ

ငြိမ်-ခံ-နေ-သရွေ့ဆက်-လ-က်ထု-ထော-င်းနေမှာဖြစ်ပြီး အချိန်ကြာလာချိန်မှာတော့.ငယ်-နိုင်-ဖြစ်လာမှာပါ

မြန်မာပြည်ဟာ. စိနရဲ့ဆော့-ကစား-စရာ-အရုပ်ဖြစ်နေပြီး အော်-သံ-ကြားမှသာ. လက်-ထဲ-က-အ-ရု-ပ်ကို-လွှ-တ်-ချမှ-ာပါ

အာ-ဏာ-ရှင်-ဆရာကြီးကို ဒီမိုရေစီသင်တန်းသားက.-တပည့်-ခံ-နေ-ရသရွေ့ သင်ကြားမှု့နဲ့တတ်မြောက်မှု့ဟာ တ-လွဲ-စီ-ဖြစ်နေမှာပါ

ဘယ်-လို-ပုံစံနဲ့-ပြန်တု-န့်-ပြ-န်-မယ်ဆိုတာ ပုံ-သေ-န-ည်းလုပ်လို့မရရင်တောင် မ-ကျေ-နပ်-ကြောင်းကိုတော့.သိစေဘို့ကြိုးစားရမှာပါ

စ-စ်-တ-ပ်ဟာလည်း ဗုံ း-မိုး-ရွာ-တဲ့နည်းနဲ့အနိုင်ယူလို့-မ-ရ-နိုင်ပါဘူး သာဓကအနေနဲ့ ဗီယက်နမ်-စ-စ်ပွဲ-မှာအ-မေ-ရိ-ကန်-ဟာ ဒုတိ-ယ-ကမ္ဘာ-စ-စ်အ-တွင်းအသုံး-ပြု-ခဲ့တဲ့-ဗုံ း-ကြဲ-မှု့ထက် အကြိမ်ရေများစွာ. ဗုံး-တန်-ချိန်များစွာ အသုံးပြုခဲ့ပေမဲ့ ပွဲ-သိ-မ်းမှာတော့.ပြေး-ထွ-က်ခဲ့-ရဘူးပါတယ်

အဓိက/မြှော-က်-ပေးနေသူ စိနကိုပါ.တ-စုံ-တ-ရာမ-တု-န့်-ပြန်နို-င်ခဲ့ရင် အချိန်ကြာလာတာနဲ့အမျှ-န-စ်-နာ-မှု့တွေများလာမှာပါ

ရ-န်-သူ-ပါလို့.ဗြောင်-ကြေ-ငြာ-နေတာကို မိတ်-မ-ပျ-က်ဆက်-ဆံ-ရေးတို့၊ ရင်-ကြား-စေ့-ရေး-တို့ဆိုတာတွေကိုစဥ်းစားနေအုံးမယ်

ဆိုရင်….

စောအယ်မူး


Comments

Leave a Reply

Your email address will not be published. Required fields are marked *