ဦးမောင်ဘ ဓားစာခံဘဝက လွတ်ခဲ့တယ်

သွားတော့လို့ စစ်သားက ပြောလိုက်ချိန်မှာ ဘာကိုမှ မစဉ်းစားတော့ဘဲ၊ နောက်ကြောင်းလည်း လှည့်ပြန်မကြည့် တော့ဘဲ စစ်ကြောင်းနဲ့ဝေးနိုင်သမျှ မြန်မြန်ဝေးအောင် ဦးမောင်ဘ(အမည်လွှဲ) သုတ်ချေတင်ဖြစ်ခဲ့တယ်။ စစ် ကြောင်းနဲ့ဝေးပြီး အတော်လှမ်းလှမ်းနေရာရောက်တော့ မြန်မြန်ရွာဘက်ဆီရောက်အောင်မပြေးရုံတမယ် လျှောက် လာဖြစ်ခဲ့တယ်။

“ ကျနော်က အသက် ၈၀ ကျော် အမေအိုကြီးကို လုပ်ကျွေးနေရတာပါ။ ကျနော့်ကို ပြန်လွှတ်ပေးပါလို့ အဲဒီထဲက စစ်သားတစ်ယောက်ကို တောင်းပန်ပြီး ပြန်လွတ်လာတာ”လို့ စစ်အုပ်စုတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရပြီးနောက် အဓမ္မစေ ခိုင်းခံခဲ့ရာက ပြန်လွတ်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဦးမောင်ဘက ပြန်ပြောပြပါတယ်။

ဦးမောင်ဘက ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာသားတစ်ဦးပါ။ စစ်အုပ်စုက စိုင်ပြင်လေးကျေးရွာကို ဝင် ရောက်မီးရှို့ ဖျက်ဆီးပြီးနောက် စစ်ကြောင်းပြန်အထွက်မှာ ဖမ်းဆီးခံရပြီး ဘုတလင်မြို့ပေါ်အထိ ခေါ်ဆောင်သွားခံခဲ့ရတာ ဖြစ်ပါတယ်။

မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (မုံရွာ-နမခ) က ထွက်လာတဲ့ အင်အား ၈၀ ခန့်ရှိတဲ့ စစ်အုပ်စု စစ် ကြောင်းဟာ အောက်တိုဘာလ ၉ ရက်မှာ ဘုတလင်မြို့ပေါ်ကို ရောက်လာပြီး ဘုတလင် မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့ အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းကာ ပြည်သူတွေကို အကြောင်းမဲ့ ရက်ရက် စက်စက်သတ်ဖြတ်ခဲ့သလို ဓား စာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေလည်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာလ ၁၂ ရက်မှာ ဘုတလင်မြို့ ဗန္ဓုလ ကွက်သစ်ရပ်ကွက်ထဲက ကုန်စုံဆိုင် ပိုင် ရှင် အပါအဝင် မိသားစုဝင် ခြောက်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို မြောက်ကြည်ရွာက ပြည်သူခုနစ်ဦးကို လည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ စစ်အုပ်စုဟာ အောက်တိုဘာလ ၁၇ ရက် မနက်ပိုင်းမှာ စီပါရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး မပြေးနိုင်တဲ့ အ ဘိုးအိုနဲ့ စိတ်မနှံ့သူတွေ အပါအဝင် ဒေသခံ ခြောက်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ကာ တချို့ကို ခေါင်းဖြတ်ပြီး ခြံစည်းရိုးမှာချိတ်ဆွဲထားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် အောက်တိုဘာလ ၁၉ ရက်မှာ စိုင်ပြင်လေးရွာကို စစ်အုပ်စုက ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့လို့ စိုင် ပြင်ရွာသား ဦးမောင်ဘလည်း ဘေးလွတ်ရာ ဒန်းတိုင်ကျေးရွာဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ရာက စစ်အုပ်စု စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးမိပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ သူတို့ ( စစ်အုပ်စုစစ်ကြောင်း) စိုင်ပြင်လေးရွာကနေ ဒန်းတိုင်ရွာကို ထွက်လာတာမှာ အဖမ်းခံလိုက်ရတာ။ လွှဲတဲ ရွာကို ဆေးလိပ်သွားဝယ်ပြီး ဒန်းတိုင်ရွာဘက်ပြန်အလာ ရွာအဝင်မှာ (စစ်ကြောင်းနဲ့တိုးပြီး) ဖမ်းခံရတာ” လို့ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးမောင်ဘ က‌ပြောပါတယ်။

ဖမ်းဆီးခံရပြီးနောက် ရိုက်နှက် နှိပ်စက်တာမျိုးမရှိပေမဲ့ သွားခဲ့တဲ့ ရွာဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တွေ့ခဲ့ ၊ မတွေ့ခဲ့ဆိုတဲ့ မေးခွန်းတစ်ခုတည်းကိုသာ တောက်လျှောက်စစ်မေးခံခဲ့ရတယ်လို့ ဆိုပါတယ်။

“မင်းက လွှဲတဲကပြန်လာတာဆိုတော့ မင်းလမ်းမှာဘာတွေ့သေးတုန်းလို့မေးတယ်။ ဘာမှမတွေ့ဘူး။ PDF လည်းမတွေ့ဘူး။ အဲလိုကိုယ်ကဖြေရတာပ။ တွေ့လည်းမတွေ့တော့ မတွေ့ဘူးဖြေပြီးတော့ အဲဒါမေးပြီး တောက်လျှောက် ပါပဲ” လို့ ဦးမောင်ဘက ဆိုပါတယ်။

အသက် ၅၀ ကျော်အရွယ် သိပ်ပြီး သန်သန်မာမာလည်း မရှိတာမို့ အဖမ်းခံရတုန်းမှာ နှိပ်စက်မခံရပေမဲ့ ဖမ်းဆီးခေါ် ဆောင် သွားခံရတဲ့ လမ်းတစ်လျှောက် စစ်အုပ်စုရဲ့ ကျည်အိတ်တွေကို အဓမ္မထမ်းပိုးစေခိုင်းခံခဲ့ရတယ်လို့ ဦးမောင်ဘက ပြောပါတယ်။

“ အကုန်လုံးထမ်းခိုင်းထားတယ်။ ထမ်းနိုင်တဲ့အရွယ်ဆို ထမ်းခိုင်းတာပဲ။ မိန်းကလေးတွေသာ အထမ်းမခိုင်းတာ၊ ယောက်ျားလေးတွေကတော့ ထမ်းရတာပဲ” လို့ စစ်အုပ်စုရဲ့ အဓမ္မစေခိုင်းခံရမှုအတွေ့အကြုံနဲ့ပတ်သက်ပြီး ဦးမောင်ဘက ပြန်ပြောပြပါတယ်။

အဲဒီစစ်အုပ်စု စစ်ကြောင်းဟာ အောက်တိုဘာလ ၄ ရက် မုံရွာ-နမခ က စတင်ထွက်ခွာလာချိန်ကတည်းက လမ်း တစ်လျှောက်ရှိ ကျေးရွာတွေအပါအဝင် ဘုတလင်မြို့ပေါ်နဲ့ ကျေးရွာတွေက ပြည်သူတွေကို လူသားဒိုင်းဓားစာခံ အ ဖြစ် ဖမ်းဆီးခေါ်ဆောင်လာခဲ့တာဖြစ်ပြီး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ အယောက် ၁၀၀ ခန့်ရှိတာကို တွေ့ခဲ့ရ တယ်လို့ ဦးမောင်ဘက ဆိုပါတယ်။

ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေထဲမှာ အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေကအစ ပါဝင်တာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

“ ခန့်မှန်းခြေပေါ့ဗျာ။ ဟိုလို အယောက်ကလည်း ရေလို့မရဘူး။ ၁၀၀ ဝန်းကျင်လောက် အားလုံး စစ်ကြောင်းတစ် လျှောက်ပါလာခဲ့တယ်။ ကလေးရောလူကြီးရောပေါ့ ”လို့ သူတွေ့မြင်ခဲ့တဲ့ စစ်အုပ်စုက ဖမ်းဆီးထားတဲ့ဓားစာခံတွေ နဲ့ ပတ်သက်ပြီး ဦးမောင်ဘ က ပြောပါတယ်။

အဲဒီစစ်ကြောင်းက ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲမှာ သူ့ ( စိုင်ပြင်လေး) ရွာသား ခြောက်ဦးကိုလည်း မျက်မြင် တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဓားစာခံဖမ်းဆီးခံထားရသူတွေအနက် သန်မာတဲ့ အမျိုးသားတွေကို စစ်အုပ်စုက ကျည်အိတ်တွေ ထမ်းစေခိုင်းခဲ့ တာဖြစ်ပြီး အဲဒီကျည်အိတ်တွေကို သူကိုယ်တိုင် ဖမ်းဆီးခံခဲ့ရတဲ့ ဒန်းတိုင်ကျေးရွာကနေ ဘုတလင်မြို့ပေါ် ဘုတ လင်ဘောလုံးကွင်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဂိုထောင်တစ်ခုရဲ့ အတွင်းထဲထိ ထမ်းပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်အုပ်စု စစ်ကြောင်းဟာ စစ်ကြောင်းတစ်လျှောက် ဖမ်းဆီးခဲ့တဲ့ ဓားစာခံတွေအနက် သူတို့အတွက် အသုံးမဝင်တဲ့ လူတွေကို စစ်ကြောင်းရပ်နားပြီးနောက် ပြန်ထွက်တဲ့အခါ လက်ပြန်ကြိုးတုတ်ပြီး ပစ်ထားခဲ့လေ့ရှိ တာမို့ သူ့ကိုလည်း သူတို့အတွက် အသုံးမဝင်တဲ့ အဘိုးကြီးလိုသဘောထားပြီး ပြန်လွှတ်ပေးလိုက်တာထင်တယ်လို့ ဦးမောင်ဘက သူလွတ်မြောက်လာတဲ့ အကြောင်းရင်းကို တွေးတွေးဆဆပြောပါတယ်။

သူဟာ ဒန်းတိုင်ရွာအဝင်ထိပ်မှာ ဖမ်းဆီးခံရပြီးနောက် ဘုတလင်မြို့ပေါ်အထိ ကျည်အိတ်ထမ်းဖို့ အဓမ္မစေခိုင်း ခံခဲ့ ရပြီး ဘုတလင်မြို့ပေါ် ဂိုထောင်အတွင်း ကျည်အိတ်ထမ်းသယ်ပို့ခဲ့ရပြီးနောက် ပြန်လွတ်လာခဲ့တာလို့ ဆိုပါတယ်။

“ အရွယ်ကောင်းလေးတွေဆိုရင် သူတို့က တောက်လျှောက်ကိုခေါ်(ဖမ်းဆီး) ထားတာ။ ကျနော်ကတော့ ဘာ ကြောင့်ရယ် မသိပါဘူးဗျာ” လို့ စစ်အုပ်စုရဲ့ ဓားစာခံဖမ်းဆီးခံရမှုကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့အပေါ် အံ့ဩဝမ်းသာခံစားရင်း ဦးမောင်ဘက ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *