ပုလဲမြို့မ ရဲစခန်းနှင့် ရေဦးမြို့ရှိ စစ်တပ်ဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲမြို့မရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက်တပ်မတော် မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပုလဲမြို့မရဲစခန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို လက်နက်ကြီး အလုံး ၂၀ ခန့်ဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ရဲစခန်းအတွင်းမှ အဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“မနက် ၅ နာရီခွဲလောက်ကနေစပစ်တာ၊ ၈ နာရီလောက်မှ ပစ်ပြီးတယ်။ စစ်ခွေးတွေဘက်က လည်း ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး။ စခ ၇ ဦးသေပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရတယ်လို့ ဖရဲသီးသတင်းပေးပို့ချက်အရ သိရပါတယ်။ ဒဏ်ရာအပြင်းအ ထန်ရတဲ့ ၃ ဦးကိုတော့ ဆေးရုံတင်ထားတယ်လို့ ပြောပါတယ်” ဟု ကျားသစ်နက်တပ်တော်မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း -၁၁ ၊ ကျားသစ်နက်တပ်မတော်မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Wolf Guerrilla LDF Ye.U Air Force မှ ဗိုလ်ရုပ်ကဆိုး ပြောဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဗိုလ်ရုပ်ကဆိုး ဦးဆောင်သော Wolf Guerrilla LDF Ye.U Air Force အဖွဲ့က လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း စစ်တပ်ဂိတ် ဘန်ကာများ အနီး လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ရေဦးမြို့အဝင်ဂိတ် လက်နက်ကြီးဖြင့် PDF ပစ်ခတ် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အဝင်ဂိတ်ကို PDFတို့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ၂ရက်၊ ည ကိုးနာရီခန့်တွင် ဒီပဲယင်း – ရေဦးလမ်းအထွက်ရှိ ရေဦးမြို့အဝင်စစ်ဆေးရေးဂိတ်ကို ၈၁ (မမ) လက်နက်ကြီး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ ရေဦးမြို့အဝင်ဂိတ်က ဘန်ကာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ သူ့ကို ရေဦးမြို့ထဲက တိုင်းရင်းဆေးရုံကို ခေါ်သွားပြီး ဆေးကုပေးနေတယ်လို့ သိရတယ်” ဟု Wolf Guerrilla LPDF(YE-U) အဖွဲ့၊ သတင်းပြန်ကြားတာဝန်ခံ ကိုညိုကြီးက ပြောသည်။

တိုက်ခိုက်နေစဉ်တွင် ယင်းဂိတ်ရှိ စစ်သားများက ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့်ကြာ ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ မြို့တွင်းအခြေအနေကတော့ ပုံမှန်ပဲ။ ဒါပေမဲ့ ခါတိုင်းရက်တွေဆို မြို့အဝင်ဂိတ်က သိပ်မစစ်ဆေးဘူး။ ဒီနေ့(စက်တင်ဘာသုံးရက်)မနက်မှာ ဆိုင်ကယ်တစ်စီးကို စစ်ကောင်စီတပ်သား ငါးယောက်အထိ စစ်လာတယ်။ ဖမ်းဆီးတာမျိုးတေ့ာမရှိဘူး။ အစစ်အ‌ဆေးကျပ်ရုံလောက်ပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံအခြေစိုက် စစ်သားများက ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း ပြည်သူများ အထိအခိုက်မရှိကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *

https://www.vultr.com/?ref=9641381-9J