စစ်တပ်က အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ထားသည့် အလောင်းများ ပြန်လည်ရရှိ

ထီးလင်းမြို့နယ်၊ ကျားခဲရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ထားသည့် အလောင်းများ ပြန်လည်ရရှိ

မီးရှို့အသတ်ခံရချိန်တွင် ရုန်းကန်ခဲ့ကြရင်း သေဆုံးခဲ့ဟုဆို

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲရွာနေ ပြည်သူ ၅ ဦးကို စစ်တပ် စစ်ကြောင်းက အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ သခင်ဇော်က ပြောကြားသည်။

ယနေ့အောက်တိုဘာလ ၂၆ ရက် နံနက် ၄ နာရီခန့်က ထီးလင်းမြို့၊ ရွှေထီးခန်းမမှ အင်အား ၈၀ ကျော်ဖြင့် ထွက်ခွာလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ကျားခဲရွာကို ရုတ်တရက် ပစ်ခတ်ဝင်ရောက်ကာ စီးနင်းခဲ့ရာ လူလတ်ပိုင်း အမျိုးသားတစ်ဦး ပစ်ခတ်ခံရကာ သေဆုံး၍ အမျိုး သမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရွာသူရွာသားများမှာ ရုတ်တရက်ထွက်ပြေးခဲ့ရပြီး လူလတ်ပိုင်းအမျိုးသား ၄ ဦးကို ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရရှိသည့် အမျိုးသား ၄ ဦးကို အကြမ်းဖက်စစ်သားများက အရှင်လတ်လတ်မီးရှို့ သဖြတ်ခဲ့ပြီး အမျိုးသား ၃ ဦးကို ဓားစာခံဖမ်းဆီးသွားကာ ရွာသူရွာသားအချို့လည်း ပျောက်ဆုံး နေကြောင်း သိရသည်။

“ဝင်တဲ့ဝင်စီးတဲ့အချိန်မှာပဲ အဲဒီ ၄ ဦးကို ရွာထိပ်မှာ ဖမ်းခံလိုက်ရတာ။ အဲဒီ ၄ ဦး ကို ဖမ်းသွားပြီး ရွာထဲကို ရမ်းသမ်းပစ်ခတ်ဝင်တဲ့ချိန်မှာ အမျိုးသားတစ်ဦးက ကျည်ထိမှန် ဒဏ်ရာရ တာလည်းရှိ တယ်။ အမျိုးသမီးတွေက ကျည်ထိမှန်ဒဏ်ရာရတာလည်းရှိတယ်။ ဖမ်းမိတဲ့ ၄ ဦးကိုတော့ ရွာထဲမှာ အရှင်လတ်လတ် မီးရှို့သတ်လိုက်တယ်။ မီးရှို့သတ်ဖြတ်ခံရတဲ့သူတွေက ရိုးရိုးပြည်သူတွေပါ။ အော် သံ တွေအကျယ်ကြီး အကြာကြီးကြားပြီး ကာ တိတ်သွားတာ။ လက်ရှိအဲဒီစစ်ကြောင်းက ထီးလင်း မြို့ ပေါ်ကို ရောက်သွားပြီ” ဟု YRA ထီးလင်းတပ်ဖွဲ့မှ သခင်ဇော်က ပြောကြားသည်။

အကြမ်းဖက်စစ်သားများက ပြည်သူ ၄ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ပြီးနော်က ဖမ်းဆီးခံထားရ သော ဓားစာပြည်သူ အမျိုးသား ၃ ဦးနှင့်အတူ သရခါရွာဘက်မှ တဆင့် ထိးလင်းမြို့ပေါ်သို့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် ပြန်ဝင်သွားကြောင်း သိရသည်။

(စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့သည့် ပြည်သူများ၏ ရုပ်အလောင်း ဓာတ်ပုံများမှာ အလွန်ရက်စက်လွန်းသဖြင့် တယ်လီဂရမ်တွင်သာ သွားရောက်ကြည့်ကြပါရန် ပန်ကြားအပ်ပါသည်။ )


Comments

Leave a Reply

Your email address will not be published. Required fields are marked *

https://www.vultr.com/?ref=9641381-9J