တောင်ဒဂုံ ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

တောင်ဒဂုံ ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊ အမှတ် ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်အဝေးထိန်း မိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်​ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၂၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အကြမ်းဖက်စစ်သား၊ ရဲ ၊ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ စုဝေးနေစဉ် ပြင်းအားမြင့် အဝေးထိန်းမိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ရုံးထဲမှာ အုပ်ကြီး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ စခ၊ ရခတွေရှိနေတဲ့အချိန် ပေါက်ကွဲသွားတဲ့ အတွက် ထိခိုက်သေဆုံးမှုကရှိနိုင်ပါတယ်။ အတိအကျတော့ မသိရသေးဘူး။ လက်ရှိတော့ အဲဒီရုံးနားမှာ ရခ တွေ စောင့်ကြည့်နေတယ်လို့ သိရတယ်။” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နှင့် YUPA တို့ မဟာမိတ် ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘေး အန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်အုပ်ချုပ် ရေးမှူးရုံးများအား ဆက်လက်အရှိန်မြှင့်ကာ တိုက်ခိုက်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးများနှင့် ဝေးဝေးမှ ရှောင်ရှားသွားလာနေထိုင်ကြပါရန် မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *

https://www.vultr.com/?ref=9641381-9J