နိုင်ငံတော်အဆင့်ဆိုတဲ့ အောင်ဇေယျစစ်ဆင်ရေးကြီးရဲ့ နောက်ဆုံးအခြေအနေ

စွယ်တော်အမြှောက်ကုန်း သိမ်းပြီးနော်

နိုင်ငံတော်အဆင့်ဆိုတဲ့ အောင်ဇေယျစစ်ဆင်ရေးကြီးရဲ့ နောက်ဆုံးအခြေအနေအား

ဒုတိယအကြိမ် ကိုယ်တိုင်တွေ့ခဲ့ရပါတယ် …….

ငါတို့က အောင်ပွဲအတွက် မွေးဖွားလာတာပါ…….

စွယ်တော်အမြှောက်ကုန်းကျပြီးနောက်..

နိုင်ငံတော်အဆင့် အလောင်းတစ်ရာ (သို့)

အောင်ဇေယျစစ်ကြောင်းရဲ့

အခြေအနေ ဖြစ်ပါသည်။

မှတ်ချက်- သံတိုသံစ အဝယ်ဒိုင်များ စာရင်းကြိုသွင်းနိုင်သည်။

အာရှလမ်းမတွင်တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွား၊ အောင်ဇေယျစစ်ကြောင်းအထိနာ

အာရှလမ်းမတွင် အခုရက်ပိုင်းတွင် တိုက်ပွဲများခပ်စိပ်စိတ်ဖြစ်ပွားပြီး စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းအထိနာသည်ဟု တော်လှန်ရေးတပ်၏သတင်းရင်းမြစ်ထံမှသိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့မှာ ကော့ကရိတ်မြို့နယ် ရန်ကုတ်ဒေသတွင်တိုက်ပွဲပြင်းထန်ပြီး အာရှလမ်းပိုင်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်မှ ဒဏ်ရာရစစ်သား ၄၀ ဦးခန့်နှင့် သေဆုံးမှုများလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်၏သတင်းရင်းမြစ်ထံမှသိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၅၄၅ တပ်မှတစ်ဆင့် ဘားအံဘက်သို့ ကားဖြင့်ပြန်သယ်ဆောင်သွားသည်ဟုသတင်းရရှိပါသည်။
အောက်တိုဘာလ ၂၅ ရက်နေ့မှာလည်း အာရှလမ်းဘက်မှာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များပူးပေါင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှအထိနာကာ တတန်ကူး၊ ရန်ကုတ်၊ ကော့ကရိတ်ဘက်သို့ ပြန်စုနေပြီးနေရာယူမှုများရှိနေတယ်လို့သိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့မှာလည်း ကော့ကရိတ်မြို့နယ် တတန်ကူး၊ ကော့နွဲနှင့်ရွာသစ်ကုန်းဘက်တွင် တစ်မနက်လုံးတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်ထံမှသိရှိရသည်။ စစ်ကောင်စီဘက်ရှေ့တိုးဖို့ကြိုးစားပေမဲ့ ရှေ့တိုးမရဘူးဘဲ အထိနာတော့ပြန်ဆုတ်လိုက် ပြန်တိုးလိုက်လုပ်နေသည်ဟုအဆိုပါသတင်းရင်းမြစ်ကဆိုသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ ညနေမှာလည်း ကျုံဒိုးအခြေစိုက် ခမရ ၅၄၅တပ်မှ ဟာဝစ်ဇာအမြောက် များဖြင့် ရေပူကြီးကျေးရွာဘက်သို့ပစ်ခတ်မှုလုပ်ဆောင်ခဲ့ပြီး ကော့ကရိတ် အမြောက်တပ်သည်လည်း ရေပူကြီးဘက်သို့ လက်နက်ကြီး ၃လုံးပစ်ခတ်ခဲ့ကာ ၁၀ လုံးထက်မနည်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ဂျိုင်းတံတား ကျုံဒိုးဘက်ခြမ်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ ဘန်ကာများပြန်လည်ပြုပြင်မှု လုပ်ဆောင်နေသည်ဟုသိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့မှာလည်း KNU ဗဟိုဌာနချုပ် စစ်ရုံးချုပ် သေ့ဘေ့ထစခန်းတွင် စစ်ကောင်စီဘက်မှ ကာမီကာဇယ်ဒရန်း၄စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တရက်တည်းမှာပဲ KNU တပ်မဟာ ၇ နယ်မြေရှိ တရေဖိုးကွီးနှင့် ပရေကျေးဒေသတွင်မှာလည်း စစ်ကောင်စီဘက်မှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU သတင်းရင်းမြစ်ထံမှသိရသည်။

အခုရက်ပိုင်းတွင် စစ်ကောင်စီလက်ပါးစေ BGF တပ်ဖွဲ့ဝင်များသည် ကားအစီး ၄၀ နဲ့ ထို့ကော်ကိုးလမ်း အတိုင်းဆင်းကာ လှိုင်းဘွဲအထိတပ်ဖြန့်ထားမှုရှိနေပြီး ထို့ကော်ကိုး၊နဘူး၊တခွန်တိုင်ကြားရှိ နယုကြိုးရွာ နှင့်နို့ဘော်ဟဲရွာတို့တွင် BGFတပ်ဖွဲ့ဝင်အင်အား၂၀၀ ခန့် လာရောက်နေထိုင်ကာ လအနည်းငယ်ရှိနေပြီးဟု အဆိုပါသတင်းရင်းမြစ်ကဆိုပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *