Miss Grand International ပွဲမှာ သဲစုငြိမ်း 2nd Runner up သာ ရရှိ၊ ပလက်စတစ်အကြောင်းပြောလို့ ဝေဖန်ခံရ

Miss Grand International ပွဲမှာ သဲစုငြိမ်း 2nd Runner up သာ ရရှိ၊ ပလက်စတစ်အကြောင်းပြောလို့ ဝေဖန်ခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၂၅ ရက်နေ့ညမှာ ကျင်းပတဲ့ Miss Grand International ပြိုင်ပွဲမှာ မြန်မာအလှမယ်သဲစုငြိမ်းက 2nd Runner up ဆုကို ရရှိခဲ့ပါတယ်။

၁၂ ကြိမ်မြောက်ကျင်းပတဲ့ Miss Grand International အလှမယ် ပြိုင်ပွဲမှာ အိန္ဒိယနိုင်ငံက Rachel Gupta က Winner သရဖူဆွတ်ခူးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသူ Christine Julian Opiaza Philippines ဟာ 1st runner-up ကို အသီးသီး ရရှိခဲ့ပါတယ်။

အိန္ဒိယအလှမယ်ဟာ အမေးအဖြေအစီအစဉ်မှာ သူတို့ရဲ့ နိုင်ငံတွင်း ဆင်းရဲ မွဲတေမှုကို ဖော်ပြပြောဆိုခဲ့ပေမယ့် မြန်မာအလှမယ်ကတော့ ပလက်စတစ်နဲ့ ပတ်သက်တဲ့ အကြောင်းကို ပြောဆိုဖြေကြားခဲ့ပါတယ်။

မြန်မာအလှမယ် သဲစုငြိမ်း စင်ပေါ်ကနေ ဆင်းချိန်မှာ မြန်မာ National Director ဟာ ရရှိတဲ့ သရဖူကို ဆွဲချွတ်ခဲ့သလို Myanmar Grand International စလွယ် ကို ဖြုတ်ခဲ့တာကို လူမှုကွန်ရက်ပေါ်က ဗီဒီဖိုင်တွေမှာ တွေ့ရပါတယ်။

သဲစုငြိမ်းဟာ 2nd Runner up သာ ရခဲ့တဲ့အတွက် စင်ပေါ် ငိုကြွေးခဲ့သလို စင်အောက် ရောက်ချိန်မှာလည်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ထွက်ခွာခဲ့တယ်လို့ ထိုင်းသတင်းဌာနတချို့နဲ့ အလှမယ်စာမျက်နှာ‌တွေမှာ ဖော်ပြထားပါတယ်။

Miss Grand Myanmar ရဲ့National Director ထူးအံ့လွင်က သရဖူကို ပြန်အပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး National Director လည်း ဆက်မလုပ်တော့ပဲ စာချုပ် ဆက်မချုပ်တော့ဘူးလို့ Live လွှင့် ပြောခဲ့ပါတယ်။

Miss Grand International ရဲ့ ဆောင်ပုဒ်ဟာ “Stop The War and Violence” ဖြစ်ပေမယ့် သဲစုငြိမ်းဟာ ပြိုင်ပွဲတစ်လျှောက် စစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအကြောင်း၊ မတရား သတ်ဖြတ်ခံရနေတဲ့ ပြည်သူတွေအကြောင်း၊ ဒုက္ခသည်ရောက်နေရတဲ့ စစ်ဘေးရှောင်တွေ အကြောင်း ထုတ်ဖော်ပြောဆိုတာ လုံး၀ မရှိခဲ့ပါဘူး။

စစ်တပ် အာဏာသိမ်းခံရပြီးနောက် ၂၀၂၁ ခုနှစ်မှာ နိုင်ငံတကာပြိုင်ပွဲတွေမှာ သွားရောက်ယှဉ်ပြိုင်တဲ့ Miss Universe Myanmar သူဇာဝင့်လွင်နဲ့ Miss Grand International ဟန်လေးတို့ နှစ်ဦးသာ အာဏာသိမ်းမှုအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *