ပြိုင်တိုင်း သရဖူရချင်ရင် ကိုယ့်ဘာသာပြိုင်ပွဲကျင်းပပြီး ယူလို့ MGI ဥက္ကဋ္ဌ ပြော

ပြိုင်တိုင်း သရဖူရချင်ရင် ကိုယ့်ဘာသာပြိုင်ပွဲကျင်းပပြီး ယူလို့ MGI ဥက္ကဋ္ဌ ပြော၊ မြန်မာဒါရိုက်တာကို MGI ပြိုင်ပွဲဝင်ခွင့်ပါ ပိတ်သိမ်း

ထိုင်းမီဒီယာ Khaosod English ရဲ့ ဖော်ပြမှုအရ Miss Grand International ပြိုင်ပွဲ ဥက္ကဌ နာဝပ်ဟာ မြန်မာ ကိုယ်စားပြုအလှမယ် သဲစုငြိမ်းနဲ့ မြန်မာ National Director (ND) ထူးအံ့လွင်တို့ရဲ့ မတော်မလျှော် ပြုမူလုပ်ဆောင်မှုတွေကြောင့် ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ကို စာချုပ်ဖျက်သိမ်း လိုက်တယ်လို့ သိရှိရပါတယ်။

မြန်မာကိုယ်စားပြုအလှမယ် သဲစုငြိမ်း ခေါ် သဲသဲဟာ နောက်ဆုံး ဆန်ခါတင်မယ်ရွေးပွဲမှာ second runner-up (တတိယသရဖူဆုရှင်) သာရရှိမှုအတွက် မျက်နှာပျက် ငိုယိုခဲ့သလို ထူးအံ့လွင်ကလည်း သရဖူကို လက်မခံ၊ ရလဒ်ကို လက်မခံကြောင်း အခမ်းအနားအတွင်းမှာ ရုပ်ပျက်ဆင်းပျက် တုံ့ပြန်ခဲ့လို့ မတော်မလျှော်လုပ်ရပ်ဆိုပြီး မြန်မာကို MGI ပြိုင်ပွဲဝင်ခွင့် ဖျက်သိမ်းလိုက်ကြောင်းနဲ့ ထူးအံ့လွင်ကို ရာသက်ပန်ပြိုင်ပွဲက ပိတ်တယ်လို့ ဥက္ကဌ နာဝပ်က ဒီနေ့မှာ အတည်ပြု ကြေညာလိုက်တာပါ။

နာဝပ်ဟာ သဲစုငြိမ်းရဲ့ ငယ်ရွယ်မှုနဲ့ ထူးချွန်မှုကို အသိအမှတ်ပြုနိုင်သော်လည်း နိုင်ငံတကာအဆင့်ပြိုင်ပွဲမှာ အရှုံး ဒဏ်ကို မခံနိုင်၊ အားကစားစိတ်ဓာတ်မရှိဘဲ နံပါတ် (၁) အလှမယ်သရဖူရချင်ရင် ကိုယ်တိုင် ပြိုင်ပွဲကျင်းပ၊ကိုယ့် သရဖူကိုယ်ယူ၊ ပြိုင်ဘက်တွေနဲ့ စိန်ခေါ်ရင်ဆိုင်ရတဲ့ဘယ်ပြိုင်ပွဲမျိုးမှ ဝင်မပြိုင်သင့်တော့သူ၊ ကိုယ့်စိတ်ကူးယဉ် ကိုယ့်ကမ္ဘာထဲမှာပဲ နေသင့်တယ်။ ဒါဇာတ်လမ်းအဆုံးသတ်ပဲလို့ ပြောသွားခဲ့ကြောင်းနဲ့ ထိုင်းသတင်းတွေမှာ ဒီသတင်းက လက်ရှိ Trending အဖြစ်ဆုံး Topic အဖြစ် မီဒီယာများစွာက ဖော်ပြနေခဲ့ကြပါတယ်။

မြန်မာအလှမယ် သဲစုငြိမ်းအား MGI မှ ဆု ပြန်ရုပ်သိမ်း

Miss Grand International (MGI) 2024 ပြိုင်ပွဲ၌ 2nd Runner up ရရှိခဲ့သော အလှမယ် သဲစုငြိမ်းအား စည်းကမ်း ဖောက်ဖျက်သည့် ပြုမူပြောဆိုမှုများလုပ်ဆောင်ခဲ့၍ဟုဆိုကာ ဆုကို ပြန်ရုပ်သိမ်းကြောင်း ယနေ့ ကြေညာသည်။

ထိုသို့ ကြေညာချက် မထုတ်ပြန်မီ ယမန်နေ့က အလှမယ် သဲစုငြိမ်းမှာ Miss Grand International Organization မှ နုတ်ထွက်ခဲ့ကြောင်း ၎င်း၏ ဆိုရှယ်မီဒီယာတွင် Live လွှင့်၍ ပြောဆိုခဲ့သည်။

အောက်တိုဘာ ၂၆ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသော ၁၂ ကြိမ်မြောက် Miss Grand International ပြိုင်ပွဲတွင် အိန္ဒိယအလှမယ် Rachel Gupta မှာ သရဖူဆွတ်ခူးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသူ Christine Julian Opiaza Philippines မှ 1st Runner-up နှင့် မြန်မာအလှမယ် သဲစုငြိမ်းမှာ 2nd Runner up ရရှိခဲ့သည်။

အဆိုပါ ဆုချီးမြှင့်ပွဲအပြီး အလှမယ် သဲစုငြိမ်းသည် စင်မြင့်ရှေ့၌ ၎င်း၏ သရဖူနှင့် စလွယ်တို့အား National Director ဖြစ်သူမှ ဆွဲချွတ်ယူခဲ့ပြီး ၎င်းမှာ ငိုကြွေး၍ ပွဲနေရာမှ ရုန်းရင်းဆန်ခတ်ဖြင့် ထွက်ခွာသွားခဲ့သည့် ရုပ်သံဖိုင်များ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သလို ထိုင်းသတင်းဌာနအချို့နှင့် အလှမယ်စာမျက်နှာများ၌လည်း ဖော်ပြထားကာ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ထို့နောက် Miss Grand Myanmar ၏ National Director ဖြစ်သူက သရဖူကို ပြန်အပ်ရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် National Director အဖြစ် ဆက်လုပ်တော့မည်မဟုတ်ကြောင်း Live လွှင့်ပြောဆိုခဲ့သည်။

အဆိုပါ ဖြစ်ရပ်အား ထိုင်းသတင်းဌာနများတွင် မြန်မာအလှမယ်သည် ဒရမ်မာချိုးသည် ဆို၍ ရေးသားထားကြပြီး ယနေ့အထိ ဝေဖန်ထားသည့် သတင်းများ ဖော်ပြနေဆဲဖြစ်သည်။

“ခရောင်းကို ဒီလို အပ်ရတာဖြစ်ကြောင်း MGI ဘက်က သက်သေပြ”

ပွဲပြီးကတည်း ခရောင်းကို ပြန်အပ်တာကို ပါးစပ်နဲ့ အပ်နေကြတော့ အခု နဝပ်က သူရရှိထားတဲ့ ဆုနေရာမှ တရားဝင် ထုတ်ပယ်ကြောင်း ကြေညာချက်ထုတ်လိုက်တာ ပိုဂွမ်းသွားပြီ။ သူ့ဘဝအတွက် အမဲစက်တခု အဖြစ် ကျန်ခဲ့တာပဲ အဖက်တင်တာပေါ့။

သဲစုညိမ်း လည်း ထူးအံ့လွင် လက်ကနေ အမြန်ရုန်းထွက်ဖို့ အကြံပြုချင်ပါတယ်။ မြန်မာပြည်မှာလည်း နေရာတခုရနေပြီဖြစ်လို့ ဖြစ်ခဲ့သမျှတွေကို ပြည်ဖုံးကားချလို့ ဝါသနာပါရာကို ရွေးချယ်လျှောက်လှမ်းရမယ့် အချိန်အခါ ဖြစ်သွားပါပြီ။

စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တဲ့ လူတွေကြားထဲမှာမြေစာပင် ထပ်အဖြစ်မခံနဲ့တော့လို့ အကြံပြုချင်ပါတယ်။

အလှမယ် သဲစုငြိမ်း ရရှိသွားသော 2nd Runner-Up ကို MGI ပြန်ရုပ်သိမ်း

မသင့်လျော်သော အပြုအမူများနှင့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူး လွန်ခြင်းကြောင့်ဟုဆိုကာ အလှမယ် သဲစုငြိမ်း ရရှိသွားသော တတိယဆု (2nd Runner-Up) ဆုကို ပြန်ရုပ်သိမ်းလိုက်ကြောင်း MGI က ယနေ့ (အောက်တိုဘာလ ၂၈ ရက်) တွင် တရားဝင် ကြေညာလိုက်သည်။

Miss Grand International ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အောက်တိုဘာ ၂၅ ရက်နေ့က ကျင်းပခဲ့ရာ စစ်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံကို ကိုယ်စားပြု ဝင်ပြိုင်သော အလှမယ် သဲစုငြိမ်းက Miss Grand International Myanmar – 2nd runner up ဆုကို ရရှိခဲ့သည်။

ထိုသို့ တတိယဆုသာ ရရှိခဲ့သည့်အပေါ် ၎င်းကိုထောက်ပံ့သည့်အဖွဲ့နှင့် ပရိတ်သတ်များက မကျေနပ်မှုများဖြင့် လူမှုကွန်ရက်တွင် ပွက်လောရိုက်ကာ ပထမဆု ရရှိသွားသည့် အသက် ၂၀ အရွယ် အိန္ဒိယအလှမယ်ကို ဝေဖန်တိုက်ခိုက် ပြောဆိုမှုများလည်း ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် Miss Grand Myanmar ၏ National ဒါရိုက်တာဖြစ်သူ ထူးအံ့လွင်ကလည်း ငွေကြေးများဆုံးရှုံးရပြီး ရလာသည့် ရလဒ်ကို လက်မခံနိုင်သည့်အတွက် မြန်မာအလှမယ် သဲစုငြိမ်း ရရှိခဲ့သည့် သရဖူကို ပြန်အပ်မယ်ဟု MC နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထို့ပြင် ပြိုင်ပွဲအပြီး ဒါရိုက်တာ ထူးအံ့လွင်၏ သရဖူနှင့် စလွယ်ကို အလျင်အမြန် ဆွဲချွတ်လိုက်သည့် ဗီဒီယိုလည်း ပေါ်ထွက်ခဲ့သည်။

အဆိုပါဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် အလှမယ် သဲစုငြိမ်း ရရှိသွားသော 2nd Runner-Up ကို ပြန်ရုပ်သိမ်းကြောင်း MGI ဘက်က ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုလို ပြန်လည်ရုပ်သိမ်းလိုက်မှုနှင့် ပတ်သက်ပြီး အလှမယ် သဲစုငြိမ်းနှင့် ထောက်ပံ့သည့် အဖွဲ့အစည်းဘက်က တစုံတရာ တုံ့ပြန်ပြောဆိုလာခြင်းမျိုး မတွေ့ရသေးပေ။

သဲစုငြိမ်းသည် တိုင်းပြည်ကိုယ်စားပြုသည်ဟုဆိုကာ ထောက်ခံမှုများလည်းရှိပြီး အပြိုင်အဆိုင် အွန်လိုင်း voting ပေးရသည့်အတွက် ငွေကုန်ကြေးကျများခဲ့ သကဲ့သို့ ပြိုင်ပွဲဆောင်ပုဒ်ဖြစ်သည့် “Stop The War and Violence” “ပဋိပက္ခနဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့” ဆိုသော်လည်း စစ်ဘေးသင့်မြန်မာပြည်အတွက် လျစ်လျူရှုနှုတ်ဆိတ်ခဲ့သည့်အပေါ် ဝေဖန်ရှုတ်ချမှုများလည်း ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တုန်းက နိုင်ငံတကာပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် Miss Universe Myanmar သူဇာဝင့်လွင်နှင့် Miss Grand Myanmar ဟန်လေးတို့ကသာ နိုင်ငံ၏ အခြေအနေကို ဖွင့်ဟထုတ်ပြောခဲ့ကြသည်။

ယင်းသို့ဖွင့်ဟချက်ကြောင့် ၎င်းတို့နှစ်ယောက်သည် ပြိုင်ပွဲပြီးချိန်ကတည်းက မြန်မာနိုင်ငံသို့ မပြန်နိုင်ဘဲ လက်ရှိအချိန်အထိ ပြည်ပနိုင်ငံများတွင် နေထိုင်နေကြရသည်။

“မစ်နဲ့ စစ်နဲ့ ဘာဆိုင်လဲ၊ နိုင်ငံရေးနဲ့ ဘာဆိုင်လဲဆိုပြီး ကက်ကက်လန်ခဲ့ကြပြီး”

ရှုံးမှ နိုင်ငံမကောင်းလို့၊ နိုင်ငံနိမ့်ကျလို့ အနှိမ်ခံရတာ၊ စည်းစည်းလုံးလုံး အားမပေးလို့ ရှုံးတာ ဘာညာဆိုတော့ အကုန် လုံး နဝပ်ဆီ ကုန်းပေးစေချင်တာလား။

Vote ကနေ ပိုက်ဆံရဖို့ ဒီအဆင့်ထိ ဆွဲခေါ်လာပြီးမှ ဖြုတ်ချသွားတာ မျက်မြင်ပဲ မဟုတ်လား။ ကျွန်ခေတ်မှာ လူရာမဝင် ဘူးဆိုတာ အခုထိ သဘောမပေါက်ကြတာလား။ နိုင်ငံချင်း တူတူတန်တန် မပြောနဲ့ ခရောင်းကို ပေါ်တင်ရောင်းစားသလို စောက်ဆင့်ပဲ ရှိတဲ့ ဒီလို ပွဲမှာတောင် ပေါ်တင်ကြီး ချိုးခံရတာ ဘာလို့လဲ သိလား။

“နိုင်ငံက ဆင်းရဲမွဲတေစုတ်ပြတ်နေလို့။ စစ်အာဏာရူးတွေလက်အောက်မှာ ဘယ်နိုင်ငံကမှ စောက်လုံးထဲ မထားအောင်ကို နှိမ့်ချခံနေရလို့”

နိုင်ငံနာမည် င_တ်နေရှာတဲ့ မျိုးချစ်စိတ်ကို အသုံးချပြီး စီးပွါးရေးသမားတွေက နိုင်ငံနဲ့ချီ ပေါ်တင်ဖျင်ချသွားတာတောင် ရှက်စရာကောင်းလွန်းလှပြီ။ ဒီကြားထဲ Beauty အပြင် IQ, EQ အကုန်ပြိုင်ရတဲ့ ပွဲမျိုးမှာ အသုဘလိုငိုယိုပြီး ခရောင်းဆွဲဖြုတ် စလွယ်ဆွဲဖြုတ်ပြီး $ ရှက်ခွဲတဲ့သူက တစ်မျိုး။

Bye Forever ဆိုပြီး နောက်နှစ်ကျ $ ခွက်ပြောင်ပြောင်နဲ့ မယ်လှလှလေးတစ်ယောက်ကို ထပ်အသုံးချ အဆံရှာကြဦးမယ့် ကျက်သရေတုံး လုပ်စားတွေကို နောက်နှစ်ကျ ထပ်အလိမ်ခံလိုက်ကြဦး။

ဖျင်ချခံလို့သာ ပြီးသွားတာ…. ဘယ်ယီးမှန်းမသိတဲ့ဟာတွေ။

ငါအံ့ဩ။

-ပန်ဆယ်လို


Comments

Leave a Reply

Your email address will not be published. Required fields are marked *