BPLA က အညာတွင် ခြေချ၍ MOD/PDF တပ်ရင်းများအပြင် အခြားအင် အားစုများနှင့်ပါ ဆက်ဆံရေး တည်ဆောက် စစ်ဆင်ရေး ဖော်ဆောင်မည်

BPLA က အညာတွင် ခြေချ၍ MOD/PDF တပ်ရင်းများအပြင် အခြားအင် အားစုများနှင့်ပါ ဆက်ဆံရေး တည်ဆောက် စစ်ဆင်ရေး ဖော်ဆောင်မည်ဖြစ်သော်လည်း လတ်တလော ရန်သူ၏ အာရုံစိုက်မှု ခံရမည်စိုးရိမ်သဖြင့် အကျယ် တဝင့် မပြောလိုသေးဟု မောင်ဆောင်းခပြော

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေဖြင့် အညာဒေသများတွင် အခြေချ၍ MOD/PDF တပ်ရင်များအပြင် အခြားအင်အားစုများနှင့်ပါ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက် မည်ဖြစ်ပြီး လတ်တလော ရန်သူ၏ အာရုံစိုက်လာမည်စိုးသဖြင့် အကျယ်တဝင့် မပြောလိုသေးကြောင်း BPLA မှ မောင်ဆောင်းခက ပြောဆိုသည်။

BPLA မှ မောင်ဆောင်းခက BPLA ၏ ရှေ့ဆက် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး တရားဝင် ပြည်သူသို့ လူမှုကွန်ရက်များမှတစ်ဆင့် တရားဝင် ထုတ်ပြန် ကြေ ညာလိုက်ခြင်းဖြစ်သည်။

“အကျယ်တဝင့်ထပ်မပြောလိုတော့ဘူး ။ ရန်သူ အရမ်းအာရုံစိုက်လာမှာစိုးလို့” ဟု မောင်ဆောင်းခက ပြောဆိုသည်။

BPLA သည် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဦးဆောင်မှုအောက်တွင် အများကြီး ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း၊ အဆိုပါကျေးဇူးကို မေ့ပျောက်မည်မဟုတ်ကြောင်း၊ BPLA အနေဖြင့် အညာဒေသတွင် အခြေချပြီး စစ်ဆင်ရေးများ ဖော်ဆောင်မည်ဖြစ်ပြီး အညာလူထုက ကြိုဆိုမည်ဟု မျှော်လင့်ကြောင်း ၎င်းက မောင်ဆောင်းခက တရားဝင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ညီနောင်မဟာ မိတ် ၃ ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။

ထို့ပြင် BPLA အနေဖြင့် MOD/PDF တပ်ရင်များနှင့်သာမက အခြားအင်အားစုများနှင့်ပါ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ပြီး တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ကြိုးစားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံမဟုတ်တဲ့အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်းအထည်ဖော်သွားပါမယ်။ သေချာတာတခုကတော့ BPLA ဟာ NUG/MOD လက် အောက်ခံတပ်မဟုတ်ပါဘူး။ ဒါပေမယ့် ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက်ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်” ဟု မောင်ဆောင်းခက ဆက်လက်ရေးသားထားသည်။

BPLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ ရှမ်းမြောက်ဒေသတွင် ရှေ့တန်းမှ ပါဝင်တိုက်ခိုက်ခဲ့သော တော် လှန်ရေးတပ်ဖွဲ့တစ်ခုလည်း ဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *