တောင်သာနယ် ရုံးစည်ကြီးရွာ နယ်မြေရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

တောင်သာနယ် ရုံးစည်ကြီးရွာ နယ်မြေရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

သုံးပွင့်အဆင့် ဗိုလ်ကြီး အပါ လေးယောက် ထိခိုက်ပြီး လက်နက်တိုက်နဲ့ အချုပ်ခန်း ထိခိုက်ပျက်စီး

မန္တလေးတိုင်း၊ တောင်သာနယ် တောင်ဘက်ခြမ်း တောင်သာ-မလှိုင် ကားလမ်းပေါ်ရှိ ရုံးစည်ကြီးရွာ နယ်မြေရဲစ ခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် သုံးပွင့်အဆင့် ဗိုလ်ကြီးနဲ့ ဒု ရဲအုပ် အပါအဝင် စုစုပေါင်း လေးယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက် နေ့လယ်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက အဆိုပါ နယ်မြေရဲစခန်းကို Hex copter နှစ်စီးနဲ့ 6Kg ဗုံးသီး လေးကြိမ်ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့သ လို လက်နက်တိုက်နဲ့ အချုပ်ခန်းလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

“ သုံးပွင့်အဆင့် ဗိုလ်တစ်ကောင်ကတော့ နားစည်ကွဲသွားတယ်။ ရခ(စစ်အုပ်စုရဲ)အရှည်ကြီး မျက်နှာမှာ စုတ်ပြတ် ပြင်းထန် ဒဏ်ရာရတယ်။ ရဲဗလကြီးကတော့ မစိုးရိမ်ရ ဒဏ်ရာရတယ်။ သူတို့ (စစ်အုပ်စု) ရဲစခန်း ပင်မဆောင်နဲ့ ရုံးခန်းတွေ၊ အဆောက်အဦးတွေ နေလို့မရတဲ့အထိ ထိခိုက်ပျက်စီးသွားပါတယ်”လို့ Myingyan District Drone Strike-MDDS မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တောင်သာနယ် ရုံးစည်းကြီးရွာ နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာမှာ နှစ်လုံးက ရဲစခန်းအတွင်း အချုပ်ခန်းနဲ့ လက်နက်တိုက်ကို ထိမှန်ပြီး အဆောင်တွေ ပွင့်ထွက်ပျက်စီးသွားခဲ့တယ်လို့ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“နှစ်လုံးက ပစ်မှတ်ကို သေချာထိမှန်ပြီးတော့ လက်နက်တိုက်နဲ့ အချုပ်ခန်းထားတဲ့ အဆောင်ပွင့်ထွက်သွားတယ်။ လူထိခိုက်မှုကတော့ အဲဒီ ရဲစခန်းမှာ လာနေတဲ့ သုံးပွင့်အဆင့်ဗိုလ်ကြီးနဲ့ တောင်သာဘက်ကနေ အဲဒီရုံးစည်ကြီး စ ခန်းကို တွဲဘက်အဖြစ် တာဝန်ယူထားတဲ့ ဒုရဲအုပ်တစ်ယောက် ပြင်းထန်ဒဏ်ရာရတယ်။ ဗုံးသီးကျလို့ သူကတော့ အကြားအာရုံမရတော့ဘူး။ နောက်ထပ် ရဲနှစ်ယောက် မျက်နှာမှာ ထိခိုက်ဒဏ်ရာရတယ်။ သေဆုံးမှုတော့ မရှိဘူး” လို့ တောင်သာနယ် ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ Myingyan District Drone Strike-MDDS မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

မြင်းခြံခရိုင်ထဲက စစ်အုပ်စုစခန်းတွေကို အချိန်မရွေး ဒရုန်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တဲ့ အတွက် ပြည်သူတွေအနေနဲ့ စစ်အုပ်စုစခန်းတွေ၊ ရဲစခန်းတွေ အနီးအနားကို သွားလာတာတွေ မလုပ်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

ရုံးစည်ကြီး ရဲစခန်း ထိခိုက်ပျက်စီးတာတွေကို တွေ့ရစဉ်/ ဓာတ်ပုံ- MDDS


Comments

Leave a Reply

Your email address will not be published. Required fields are marked *