ကြို့ပင်ကောက်တွင် စစ်ကြောင်း ထိုးနေသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံး
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကြောင်း ထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ် အရှေ့ခြမ်း ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများသည် သင်္ခရိုင်ကျေးရွာ အနီးကို ရောက်ရှိလာစဉ် ဒေသတွင်း PDF တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းက ကြို့ပင်ကောက်မြို့နယ် အရှေ့ခြမ်း ကျေးရွာတွေကို အောက်တိုဘာလ ၂၄ ရက်နေ့တည်းက စစ်ကြောင်းထိုးနေတာ စစ်ခွေးစစ်ကြောင်းက သင်္ခရိုင်ကျေးရွာ အနီးကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁ဝ နာရီခန့်မှာ ရောက်ရှိလာတဲ့ အချိန် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး စစ်ခွေး ၇ ကောင်သေတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၈ဝ၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျား တပ်ဖွဲ့ ၊ တပ်ရင်း ၃၈ဝ၁ တပ်ခွဲ (၃) နတ်စစ်သည် တပ်ဖွဲ့ ၊ BTZM, GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တို့မှ စစ်ရေး မဟာမိတ် စစ်ဆင်ရေးဖော်ဆောင်၍ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး PDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Leave a Reply