အကြမ်းဖက်စစ်ကောင်စီရဲ့ ဒရုန်း ၁စင်းကို ရှမ်းတောင်ဗျူဟာ (၂) ပူးပေါင်းစစ်ကြောင်းမှ ပစ်ချဖျက်စီး
ရှမ်း-ကယားနယ်စပ်မှာ တိုက်ပွဲဝင်နေတဲ့ ရှမ်းတောင်ဗျူဟာ (၂) ဟာ တိုက်ပွဲတွေအတွင်း ရေပူရွာမှာ စစ်ကောင်စီရဲ့ ဒရုန်း ၁ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ စစ်ကောင်စီဘက်က ညောင်ရွှေမြိုနယ် ရေပူ ကျေးရွာအတွင်း Drone နဲ့ လာရောက်ဗုံးချတိုက်ခိုက်စဥ်မှာ ပစ်ချနိုင်ခဲ့တာလို သိရပါတယ်။
နှစ်ကြိမ်ပျံသန်းခဲ့တဲ့ အဲ့ဒီစစ်ကောင်စီ ဒရုန်းကြောင့် ပထမအကြိမ်မှာ ရဲဘော်တချို ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒုတိယအကြိမ်မှာတော့ ပစ်ချနိုင်ခဲ့တာလို သိရပါတယ်။
“ဆိုင်ကယ်လဲထိတယ်၊ ဒရုန်းက 20kg ၊ နောက်လာလဲ ပစ်ချရမှာ၊ အရင်ကလည်း ပစ်ချခဲ့ဘူးတယ်” လို အမှတ် ၁၀၀၉ တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF တပ်ဖွဲဝင် ၁ ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ပင်လောင်းနဲ့ ဖယ်ခုံတိုက်ပွဲတွေမှာ ဒရုန်းတွေ ပိုမိုအသုံးပြုလာနေသလို တော်လှန်ရေးတပ်တွေကလည်း ဒရုန်းတွေ လက်နက်ကြီးတွေအသုံးပြု တိုက်ခိုက်လာနိုင်နေပြီလို သိရပါတယ်။
Leave a Reply