ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရှိ အင်အား ၄၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီနှင့်SNA ပူးပေါင်း စခန်း၊ ပန်ချယ်စခန်းတို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ရရှိ

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရှိ အင်အား ၄၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီနှင့်SNA ပူးပေါင်း စခန်း၊ ပန်ချယ်စခန်းတို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ရရှိ

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရှိ အင်အား ၄၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီနှင့်SNA ပူးပေါင်း စခန်း၊ ပန်ချယ်စခန်းတို့ကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီအချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းဒေသ (စစ်ကိုင်းတိုင်းအခြမ်း) တွင် စစ်အင်အား ၄၀၀ ဖြင့် ဖြန့်ခွဲထားသော ရှစ်မျက်နှာ ဘုရားကုန်စခန်းကိုလည်းကောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၇ နာရီအချိန် ပန်ချယ်စခန်းကိုလည်းကောင်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

“ဆယ်ဇင်း စခန်းနဲ့ ပန်ချယ်စခန်းတွေ သိမ်းဆည်းရမိတာ အတည်ပြုပါတယ်။ စစ်တပ်ဘက်က သေဆုံးထိခိုက်စာရင်း မရရှိသေးပါဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ဆယ်ဇင်းဒေသတွင် စစ်ကောင်စီနှင့် SNA ပူးပေါင်း စခန်း ၂ ခု ဆက်လက်ကျန်ရှိနေသေးသဖြင့် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

KIA နှင့်ပူးပေါင်းတပ်များက အင်းတော်နှင့် မိုးမောက်မြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်၏ စခန်းများကို တိုက်ခိုက်လျက်ရှိကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top