အကြမ်းဖက် မင်းအောင်လှိုင် ယနေ့ နံနက်ပိုင်း MAI အထူးလေယာဉ်ဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ထွက်ခွာ၊ မဲခေါင်အစည်းအဝေးတက်ရောက်ပြီး ချောင်ချင်းနှင့် ရှန်ကျန်းမြို့များသို့ လည်ပတ်မည်

အကြမ်းဖက် မင်းအောင်လှိုင် ယနေ့ နံနက်ပိုင်း MAI အထူးလေယာဉ်ဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ထွက်ခွာ၊ မဲခေါင်အစည်းအဝေးတက်ရောက်ပြီး ချောင်ချင်းနှင့် ရှန်ကျန်းမြို့များသို့ လည်ပတ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၅

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် MAI အထူးလေယာဉ်ဖြစ်သော Airbus 319 -XYALK ဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်သည် တရုတ်ဝန်ကြီးချုပ် Li Qiang ၏ ဖိတ် ကြားချက်ဖြင့် နိုဝင် ဘာလ ၆ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့ အထိ ကူမင်းတွင် ကျင်းပမည့် မဲခေါင်နိုင်ငံများ အစည်း အဝေး သို့တက်ရောက်မည်ဖြစ် ကြောင်း သိရှိရသည်။

ယင်းသို့ မဲခေါင်အစည်းအဝေး တက်ရောက်ပြီးနောက် နိုဝင်ဘာလ ၇ ရက်နေ့ညနေ ပိုင်းမှစတင်၍ ချောင်ချင်းမြို့နှင့် ရှန်ကျန်းမြို့များသို့ သွားရောက်မည်ဖြစ်သည်။

“ဒါက ၈ ကြိမ်မြောက် GMS မဲခေါင်နိုင်ငံများ အစည်းအဝေးကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလို့ ဖိတ်ကြားတာဖြစ်ပါတယ်။ တရုတ်နိုင်ငံဝန် ကြီးချုပ်နဲ့လည်း ပြင်ပမှာ သီးခြား ခေတ္တခဏ တွေ့ဆုံခွင့်တောင်းထားတယ်။ ချောင်ချင်းနဲ့ ရှန်ကျန်းမြို့တွေကတော့ တရုတ်လုပ်ငန်းရှင်တွေနဲ့ တွေ့ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေကို လေ့လာမှာဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ယင်းနောက် အကြမ်းဖက် မင်းအောင်လှိုင်သည် ရှန်ကျန်းမြို့မှတစ်ဆင့် နိုဝင်ဘာလ ၁၀ ရက်နေ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်ပခရီးစဉ်တစ်ခုကို သွားရောက်ရန် နေပြည်တော်လေဆိပ်တွင် တွေ့ရသည့် အကြမ်းဖက် မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top