တောင်သာမြို့နယ်၊ ဇဂျမ်းရဲစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

တောင်သာမြို့နယ်၊ ဇဂျမ်းရဲစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇဂျမ်းရဲစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၂ ဦးသေဆုံးခဲ့ကြောင်း တောင်သာ ပကဖ (TTA-PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ ဇဂျမ်းရဲစခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စခန်းဝင်း အတွင်းရှိ တွဲဖက် ဗိုလ် ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသော နေရာကို မြင်းခြံမြို့နယ်ရှိ သီတာယုမွန် အဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ ပူးပေါင်းထားသော အင်အား ၅၀ ခန့်ပါ စစ်ကြောင်းသည် ကား ၄ စီး စစ်ကူ လာရောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်းများ၊ လက်နက်ငယ်များဖြင့် ဖြတ်တောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သား ၁၂ ဦး ပွဲချင်းပြီး သေဆုံးပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အင်အား ၅၀ ဦး ထပ်မံ စစ်ကူရောက်ရှိလာခဲ့ကြောင်း၊ ကြားဖြတ် တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်ကောင်စီ တပ်သားများကို ကားဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် ၂ ဦး သေဆုံးပြီး ဆေးရုံ အရောက်တွင် သွေးထွက်လွန်၍ ၃ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီ တပ်သားများကို မိတ္ထီလာစစ်ဆေးရုံတွင် တင်ဆောင်လာပြီး ၂ ဦးမှာ ဒဏ်ရာအခြေအနေ ပြင်းထန်ကြောင်းသိရှိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၂၂ ဦးသေဆုံးပြီး ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်သာ ပကဖ (TTA-PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို တိုက်ခိုက်မှုကို တောင်သာမြို့ ပကဖ၊ Burmese Guerrilla Force -MGN (BGF) ၊ Anyar Federal Task Force ask Force ၊ ညောင်ဦးခရိုင်တပ်ရင်းအမှတ် ၅ ၊ ညောင်ဦးမြို့နယ် ပကဖ နှင့် မဟာမိတ်တပ် တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top