မြို့နယ် ရဲမှူးနှင့် စခန်းမှူးတို့ကို စစ်တပ်က ဖမ်းဆီးသွား

ပန်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးနေသော ပြည်ခရိုင် ဒုရဲမှူး မောင်မောင်မြင့် အပါအဝင် မြို့နယ် ရဲမှူးနှင့် စခန်းမှူးတို့ကို စစ်တပ်က ဖမ်းဆီးသွား

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးနေသော ပြည်ခရိုင် ဒုရဲမှူး မောင်မောင်မြင့် အပါအဝင် မြို့နယ် ရဲမှူးနှင့် စခန်းမှူးတို့ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပန်းတောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးနေသည့် ပြည်ခရိုင် ဒုတိယရဲမှူး မောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ် ရဲမှူး သန်းလွင်နှင့် ပန်းတောင်းရဲစခန်းမှူး တင်မောင်နိုင်တို့ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် အဆိုပါ ဖမ်းဆီးခံရသူများကို စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေပြီး အရေးယူခြင်းရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ကျွန်တော် သိရသလောက်တော့ ပြည်ခရိုင်ဒုတိယရဲမှူး ဦးမောင်မောင်မြင့် ၊ ပန်းတောင်းမြို့နယ်ရဲမှူး သန်းလွင်နဲ့ ပန်းတောင်းရဲစခန်းမှူး တင်မောင်နိုင်တို့ ၃ ဦးကို စစ်တပ်က လာဖမ်းတယ်လို့ သိရတယ်။ ဘယ်နေရာမှာ ဖမ်းဆီးထားလည်းဆိုတော့ မသိရသေးဘူး။ မူးယစ်ဆေးမှုနဲ့ ဆင်းဖမ်းတာလို့ပဲ သိထားရတယ်” ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top