ဝမ်ဆွေ့တို့ အမောက်မထောင်နိုင်တော့ပြီ

တချက်ရှိုးလိုက်အုံးသာကောကြီး

ဝမ်ဆွေ့တို့ အမောက်မထောင်နိုင်တော့ပြီ 👎🏿👎🏿👎🏿

အခုတလော စိတ်ဝင်စားစရာအကောင်းဆုံးလို့ ခံစားမိတဲ့ သတင်းကတော့ …..

လူလည်ကြီး တ ရုတ် ကို KIA, ရဲ့တုန့်ပြန်ချက်ပဲ ….

စစ်တပ်ကို ပေါ်ပေါ်ထင်ထင်ထောက်ခံအားပေးနေတဲ့ တ ရုတ် ဟာ KIA ကို ချီဗွေ, လော့ဆော်, ပန်ဝါ စတဲ့ နယ်စပ်စခန်းတွေကို မတိုက်ဖို့ ဖိအားပေးတယ်၊…

တ ရုတ် ရဲ့ တဖက်သတ်အောက်တန်းကျယုတ်မာမှုကို သိနေတဲ့ KIA က လက်မခံဘဲ တ ရုတ် နယ်စပ်က မြေရှားသတ္ထုတွေ အဓိကထွက်တဲ့ နေရာတွေ၊ မြို့တွေကို သိမ်းယူပစ်လိုက်တယ်၊…

တ ရုတ် ဟာ မွှန်ထူပြီး ခြိမ်းခြောက်အကြပ်ကိုင်တဲ့ အနေနဲ့ နယ်စပ်ဂိတ်တွေ အားလုံးကို ပိတ်ဆို့ပစ်လိုက်တယ်၊

အမှန်တော့ တ ရုတ်ဟာ အဆင်ခြင်မဲ့စွာ ပက်လက်လှန်ပြီး တံတွေးထွေးလိုက်တာပဲ ..။

တ ရုတ် ဟာ KIA ကို မြောက်ပိုင်းအဖွဲ့တွေလို အကြပ်ကိုင်လို့ ရမယ် ထင်နေခဲ့တယ်၊ တ ရုတ် ဟာ KIA ကို အထင်မကြီးဘူး၊

ငါတို့ လုပ်သမျှခံလိမ့်မယ်လို့ ထင်နေတာကိုး …

တ ရုတ် ဟာ စီးပွားရေးဈေးကွက်အရ ချုပ်ကိုင်ပြီး ကမ္ဘာကို သြဇာညောင်းနေတဲ့ မြေရှားသတ္တုဟာ ကချင်ဒေသက ထွက်နေတာလေ ..။

KIA က ဒီအထာကို သိနေ,နေတော့ လှလှလေး တုန့်ပြန်လိုက်တယ်၊..

ရတယ် သာကောရေ၊.. ဆိုပြီး နယ်စပ်ဂိတ်တွေကို ပြန်ပိတ်ပြလိုက်တယ်၊ ပါးကိုက်ရင် နားကိုက်ပြမယ် ဆိုတဲ့ အကွက်။

ဒီတုန့်ပြန်မှုဟာ သာမန်မဟုတ်ဘူး၊

ကိုယ်ကျိုးစီးပွားအတွက် စ-စ် ခွေး အုပ်စုကို တဖက်သတ်ထောက်ခံနေတဲ့ တ ရုတ် အတွက်၊.. စ,စဉ်းစားရမယ့် အချိန်ရောက်နေပြီ ဆိုတာ သတိပေးလိုက်တာပဲ ..

စ-စ် ခွေး မအလအလို ကုန်သွယ်ရေးနယ်စပ်ဂိတ်တွေကို ပိတ်ထားရပေမယ့် ရေရှည်မှာ ယူနန်နယ်အဖို့ အခက်တွေ့နိုင်တယ်၊

အခု KIA ရဲ့ တန်ပြန်ပိတ်ဆို့မှုကြောင့် သကော ဟာ မျက်လုံးပြူးလာပြီ၊..

အကယ်၍ AA က ရခိုင်ပြည်နယ်တခုလုံး သိမ်းနိုင်ခဲ့ရင် သာကော က စစ်ကောင်စီဖက် ရပ်တည်ရဲပါဦးမလား ..

သူ့အကျိုးစီးပွားတွေ AA လက်ထဲ ရောက်သွားတဲ့အခါ တော်လှန်ရေးကို ဈေးကိုင်ပြီး ကြိုက်ဈေးခေါ်လို့ ရပြီ။

သာကော အနေနဲ့ မိုက်မိုက်မဲမဲနဲ့ စစ်ရှုံးကောင်စီကို မျက်စိမှိတ်ထောက်ခံနေဦးမယ် ဆိုရင်တော့ …

စိတ်မကောင်းပါဘူး ပေါက်ဖော်ကြီးရေ ..

ခင်ဗျားရဲ့ အကျိုးစီးပွားတွေ ဘယ်သူ့လက်ထဲမှာရှိနေလဲ တချက်ရှိုးလိုက်ဦး ..

✍🏻ကိုဝေကြီး


Comments

Leave a Reply

Your email address will not be published. Required fields are marked *