ရန်ကုန်ရှိ မြို့နယ်အနှံ့အပြားတွင် လူထုထံ လှုံ့ဆော်ခြင်းနှင့် ပံ့သကူလှုပ်ရှားမှု ပြုလုပ်

ယမန်နေ့ (နိုဝင်ဘာ ၁၅) တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကုန်ရှိ မြို့နယ်နေရာအနှံ့အပြား၌ လူငယ်များက ဦးဆောင်ကာ “လူထုတိုက်ပွဲ ရပ်တန့်လို့မရ”၊ “တော်လှန်ရေးရဲဘော်များ ရန်သူ့လက်မကျစေရန် ပြည်သူလူထုမှ ဖေးမစောင့်ရှောက် ပေးရေး” လှုံ့ဆော်စာနှင့်အတူ တော်လှန်ပံ့သကူလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

ယင်းလှုပ်ရှားမှုကို ရန်ကုန်မြို့ရှိ GSC (General Strike Committee) အင်အားစုများဖြစ်သည့် မြို့နယ်သပိတ်ကော်မတီ (၆) ဖွဲ့ဖြစ်သော မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေသပိတ်ကော်မတီ၊ ကြည်မြင်တိုင်လူငယ်များသပိတ်ကော်မတီ၊ သာကေတမြို့နယ်သပိတ်ကော်မတီ၊ တာမွေမြို့နယ် သပိတ်ကော်မတီ၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီနှင့် ကျောက်တံတားမြို့နယ်သပိတ်ကော်မတီ တို့မှ စုပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ လူထုသပိတ်ခေါင်းဆောင် ကိုတေဇာဆန်းနှင့် ကိုနန်းလင်းတို့ကလည်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးအသီးသီးတွင် ယမန်နေ့၌ ပံ့သကူအလှူနှင့် တော်လှန်သတင်းစကားများ ပြည်သူလူထုထံ ဖြန့်ဝေခဲ့ကြသည်။

ဓာတ်ပုံ – GSC

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top