​နေပြည်​တော်လူသတ်အုပ်စုကကြွေး​ကြော်လိုက်တယ် “လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ”တဲ့

ည ၇ နာရီခန့်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ရုရှားနိုင်ငံက သံတမန်တွေက ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အနေနဲ့ လွှတ်တင်လိုက်တာပါ။

တန်ဆောင်မုန်းလပြည့်နေ့ည။ ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ကိုးကွယ်မှုအရ ကုသိုလ်တရားပြုကျင့်ရမည့် အခါကြီးရက်ကြီးည။ လင်းထိန်‌နေတဲ့ လပြည့်ည လအရောင်တိုးမပေါက်အောင် လျှပ်စစ်မီးထိန်းညီးနေတဲ့ နေပြည်တော်ကောင်းကင်ယံမှာ “လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ” စာတမ်းချိတ်ထားတဲ့မီးပုံးပျံတခု လွင့်ပျံတက်လာပါတယ်။

ည ၇ နာရီခန့်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ရုရှားနိုင်ငံက သံတမန်တွေက ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အနေနဲ့ လွှတ်တင်လိုက်တာပါ။

မီးပုံးပျံအတက်မှာ စစ်ကောင်စီအသိုင်းအဝိုင်းရဲ့ လက်ခုပ်သံတွေလွှမ်းသွားပါတယ်။ ခြေကားလျားလက်ကားလျားဟန်နဲ့ အိ‌‌‌န္ဒြရေမရတဲ့ အာဏာသိမ်းစစ်ခေါင်း‌ဆောင်နဲ့ နောက်လိုက်တသိုက်က လက်ခုပ်လက်ဝါးတီးနေကြပါတယ်။ ဒါ့အပြင် စစ်ကောင်စီဝန်ထမ်း‌တွေကလည်း စစ်ခေါင်းဆောင်ကို လက်အုပ်ချီမြှောက်ပင့်နေခဲ့ကြပါတယ်။

တချိန်တည်းမှာတော့ ကချင်ပြည်နယ်မိုးမောက်မြို့နယ်က မီးမှိန်မှန်သာလင်းနေတဲ့ ကုန်းလောရွာက KBC ဘုရားကျောင်းဝင်းထဲမှာ ငိုကြွေးသံတွေ လှိုင်ထွက်နေပါတယ်။ရုပ်အလောင်းဟာ ကျောင်းဝင်းထဲမှာ အစီအရီရှိနေပါတယ်။ ဒဏ်ရာရသူတွေရဲ့ သွေးစသွေးနတွေဟာကျောင်းဝင်းနံရံတွေမှာ စွန်းပေနေပါတယ်။ လေကြောင်းကနေ ဗုံးကြဲခံရလို့ သေဆုံး၊ဒဏ်ရာရကုန်တာပါ။

ဒီအဖြစ်ဆိုးကို ကျူးလွန်လိုက်သူကတော့ လပြည့်ညလို အခါကြီးရက်ကြီးမှာ “လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ” စာတမ်းချိတ်ထားတဲ့မီးပုံးပျံကို လွှတ်တင်ခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီဖြစ်ပါတယ်။

ဒီမီးပုံးပျံကို မလွှတ်တင်ခင် နာရီပိုင်းအလိုမှာ စစ်ဘေးရှောင်‌တွေ ခိုလှုံနေတဲ့ ကုန်းလောရွာKBC ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ည‌နေ ၄နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ကလေးငယ် ၇ဦးအပါအဝင် ၉ဦးသေဆုံးပြီး ၃၀ ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။ နေပြည်တော်ရဲ့ မိုင်ရာချီဝေးတဲ့နေရာက ကုန်လောရွာလေးဟာ စစ်ဗိုလ်ချုပ်တွေရဲ့ စနက်ကြောင့် ငိုပွဲဆင်နေရရှာပါတယ်။

ဒီဖြစ်ရပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားဦးရေထောင်ချီသတ်ဖြတ်ထားတဲ့ စစ်ကောင်စီရဲ့ ဒီနေ့အထိ နောက်ဆုံးကျူးလွန်ထားတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပါတယ်။အာဏာသိမ်းပြီးချိန်ကစပြီး နိုဝင်ဘာလ ၁၄ ရက်အထိ ဒီမိုကရေစီရေးလှုပ်ရှားသူ တွေနဲ့ ပြည်သူစုစုပေါင်း၅၉၄၅ဦးကို အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ AAPP အတည်ပြုထားတဲ့စာရင်းဖြစ်ပြီး အတည်မပြုရ​သေးတဲ့ စစ်​ကောင်စီက သတ်ဖြတ်ခံရတဲ့ ပြည်သူ ၂၆၀၀ စာရင်းလည်းရှိ​နေပါ​သေးတယ် ။ ဒီစာရင်း နှစ်ခု​ပေါင်းရင် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်သူအသတ်ခံရတာ ၇၆၀၀ ခန့်ရှိ​နေပြီဖြစ်ပါတယ် ။ ဆက်သွယ်​ရေးခက်ခဲလို့ ၊​ဝေးလံ​ခေါင်ဖျားမလို့ ၊ ဘယ်သူမှ မသိပဲ စစ်တပ်ကဖမ်းဆီးတာဖ့တ်တာ​တွေ ရှိနိုင်တာမို့ မြေပြင်မှာ အထက်ပါစာရင်း​တေ်ထက်​တောင်ပိုများနိုင်ပါ​သေးတယ် ။

စစ်ခေါင်းဆောင်ဟာ နိုဝင်ဘာလ၁၀ရက်နေ့မှာ တရုတ်နိုင်ငံခရီးစဉ်ကနေ နေပြည်တော်ကိုပြန်ရောက်လာခဲ့ပါတယ်။ နောက်တနေ့ နိုဝင်ဘာလ၁၁ ရက်နေ့မှာ မိုးကုတ်မြို့ကိုလေကြောင်းကနေဗုံးကြဲလို့အရပ်သားပြည်သူ ၉ ဦးသေဆုံးပြီး ၁၃ဦးဒဏ်ရာရခဲ့ပါတယ်။ နိုဝင်ဘာလ ၁၂ရက်နေ့မှာ နောင်ချိုမြို့လယ်ခေါင်က လက်ဖက်ရည်ဆိုင်ကိုဗုံးကြဲတိုက်ခိုက်လို့ပြည်သူ ၁၁ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာရှိခဲ့ပြန်ပါတယ်။ နိုဝင်ဘာလ ၁၃ရက်မှာ နောင်ချိုမြို့ကိုထပ်ပြီးဗုံးကြဲလို့ အရပ်သားလေးဦးဒဏ်ရာရခဲ့ပြန်ပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့နယ် ဂျိုင်ကောက်ကျေးရွာကိုလည်း နိုဝင်ဘာ ၁၃ ရက်မနက်မှာ စစ်ကောင်စီ လေကြောင်း ကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ က‌လေးငယ်နှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးပြီးငါးဦးဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် တောင်ကုတ်မြို့နယ်၊ ရန်ခိုကျေးရွာကို နိုဝင်ဘာလ ၁၄ ရက် မနက်မှာ လေကြောင်းကတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့်ပစ်လို့ အရပ်သား ၄ ဦးသေဆုံးခဲ့ပါတယ်။

တရုတ်နိုင်ငံက‌နေ ပြန်လာပြီး အရပ်သားပြည်သူတွေကို ပိုအတင့်ရဲစွာသတ်ဖြတ်လာတဲ့စစ်ကောင်စီ ‌ခေါင်းဆောင်ဟာ ၅ရက်အတွင်း အရပ်သား ၄၀ဦးထက်မနည်းကို သတ်ဖြတ်ပြီး ၅၀ကျော်ကို ဒဏ်ရာရစေခဲ့တာပါ။

မလုပ်ရဲတာဘာမှမရှိဘူးလို့ ကြွေးကြော်ခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ကလေးငယ်တွေရဲ့အသက်ကို သတ်ဖြတ်ပြီး နာရီပိုင်းအကြာမှာပဲ “လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ”ဆိုတဲ့ မီးပုံးကို လွှတ်တင်ခဲ့ပြီး ပွဲခံခဲ့တာပါစ။

တန်​ဆောင်းမုန်းလပြည်ညမှာ နေပြည်တော်က စစ်ကောင်စီအဝန်းအတိုင်းရဲ့ မိသားစုဝင်ကလေးငယ်တွေ ပျော်ရွှင်ကြည်နူးနေကြချိန် မိုးမောက်မြို့က စစ်ဘေးရှောင်ကလေးငယ်အချို့ဟာ လူလောကကိုနှုတ်ဆက်သွားရပါတယ်။ သေဆုံးသူတွေရဲ့ နာရေးကို ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။ဒီအဖြစ်ဆိုးဟာ စိတ်မသက်မသာသတင်းစကားဖြစ်တယ်လို့ ကချင်တိုင်းရင်းသူတစ်ဦးကပြောပါတယ်။

ဒီကနေ့ ညမှာလည်း ကလေးငယ်အချို့နဲ့ ကျန်ရစ်သူမိသားစုဝင်တွေရဲ့ အံကြိတ်ငိုရှိုက်သံဟာ မီး‌မှောင်ကျနေတဲ့ ဘုရားကျောင်းနဲ့ ပတ်ဝန်းကျင်မှာ ခပ်တိုးတိုးရှိ‌နေပြီး နောက်ထပ်လေကြောင်းကနေတိုက်ခိုက်ခံရမယ့်အန္တရာယ်ကို စိုးရိမ်ထိတ်လန့်နေကြပါတယ်။

“လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ” စာတမ်းချိတ်ထားတဲ့မီးပုံးပျံကို စစ်ကောင်စီက လွှတ်တင်ခြင်းဟာ လူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရိပ်တစ္ဆေခြောက်လှန့်ခံနေရတဲ့ စစ်ခေါင်းဆောင်ကို သူ့လက်အောက်ငယ်သားတွေက မျက်နှာချိုသွေး အာသာဖြေတာလို့ သုံးသပ်မှုတွေ ရှိပါတယ်။ အဖြစ်မှန်ကို‌တော့ နေပြည်တော် အဝန်းအဝိုင်းကပဲသိမှာပါ။ ဘာပဲဖြစ်ဖြစ် အပြစ်မဲ့ ကလေးငယ်တွေနဲ့ အရပ်သားတွေရဲ့ အသက်ဝိဉာဉ်ကတော့ သူတို့ချစ်တဲ့ ကချင်မြေ၊ ကုန်းလောရွာနဲ့ မိသားစုဝင်တွေကို စွန့်ခွာသွားခဲ့ရရှာပါပြီ။

မိုး​မောက်မြို့က ​ဒေသခံတစ်ဦးက “အဲဒီမှာ သူတို့က ဘုရားကျောင်းဝန်းထဲမှာ အဲဒါလည်း စစ်ဘေးရှောင်တွေပဲဖြစ်တယ်။ အဲဒီမှာ ဘယ် KIAမှလည်းမရှိဘူး ဘယ်စစ်သားမှလည်းမရှိဘူး ပြည်သူပြည်သားတွေရှိတဲ့နေရာမှာ အဲဒါ ဘလိုင်းကြီးဗုံးကြဲတာ။အကုန်လုံးစုစုပေါင်း သေတာ၉ယောက်၊ ဒဏ်ရာရတာတော့ ၂၀ကျော် ၃၀နီးပါးလောက်ရှိတယ်။ကျနော်တို့လည်းဘယ်လိုပြောရမလဲမသိတော့ဘူးခံစားချက်ထဲမှာ။ ပြောမယ်ဆို စစ်ရေးနဲ့မဆိုင်တဲ့နေရာ အဲဒါ ဗုံးကြဲတာ အံ့ဩလို့ကို မဆုံးတာ။ အဲဒါ ဘယ်လိုပြောရမလဲဆို အကြမ်းဖက်သမားပေါ့” လို့​ပြောပါတယ် ။

တိုက်ပွဲတွေကြောင့် မိုးမောက်မြို့ကို စွန့်ခွာခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကတော့ “ကျမ မိုးမောက်ကို မပြန်တော့ရဲဘူး။ စစ်တပ်က ဘီလူးစီးနေသ၍ ကျမမပြန်ရဲဘူး” လို့အထိန့်တလန့်ဆိုရှာပါတယ်။ ။

(ကချင်ပြည်နယ်မိုးမောက်မြို့နယ်ကကုန်းလောရွာရှိ KBC ဘုရား​ကျောင်းကို စစ်​ကောင်စီကဗုံးကြဲ၍က​လေးငယ် ၇ ဦးအပါအဝင် စစ်​ရှောင်ပြည်သူ ၉ ဦး၏ ရုပ်အ​လောင်းများကို နိုဝင်ဘာ ၁၆ ရက်က​တွေ့ရစဥ်/ ​သေဆုံးသူများ၏မိသားစုဝင်များ​ဝမ်းနည်းပူ​ဆွေးစွာငို​​ကြွေးစဥ်/ စစ်​ကောင်စီက တန်​ ကုန်​လောရွာဘုရား​ကျောင်းကိုဗုံးကြဲပြီးနာရီပိုင်းသာခြား၍ ​နေပြည်​တော်၌ မီးပုံးလွှတ်တင်ပြီး အာဏာသိမ်း​ခေါင်း​ဆောင်လက်ခုပ်တီးအား​​ပေးစဥ်။ ဓါတ်ပုံ-Kachin Net ၊ စစ်​ကောင်စီ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *