လောင်းလုံးမြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Guerilla Dawei (ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မ ရဲစခန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို Guerrilla Dawei တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ထားဝယ် ပလဖ ၏ မြို့ပြစစ်ဆင်ရေး အဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး Guerrilla Dawei တပ်ဖွဲ့က ပစ်ခတ်သော ၄၀ မမ ဗုံးသီး ထိမှန်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၊ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ ပစ်ခတ်သော ကျည်ထိမှန်ပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“အဲတိုက်ခိုက်မှု စစ်ခွေး ၃ ကောင်သေတယ်။ ၅ ကောင်လောက် ဒဏ်ရာရတယ်။ စစ်ရေးအခြေအနေ ပိုမို အားကောင်းလာတဲ့အတွက် ပြည်သူများအနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ရှိရာနေရာတွေကို ​လုံးဝမသွားလာကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု Guerilla Dawei (ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Guerrilla Dawei တပ်ဖွဲ့သည် စစ်ရေးပိုမိုအရှိန်မြှင့် လုပ်ဆောင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ် စခန်းများကို သွားလာခြင်းမပြန်လုပ်ရန်နှင့် မိမိရောက်ရှိနေသော နေရာ အနီးပတ်ဝန်းကျင်၌ ပစ်ခတ်သံများကြားရပါက ထွက်ပြေးခြင်း၊ စူးစမ်းခြင်း မပြုလုပ်ဘဲ နီးစပ်ရာ အဆောက်ဦးကို အကာကွယ်ယူ၍ မြေကြီးတွင် မှောက်လျှက်အနေထားဖြင့် နေပေးကြပါရန် မေတ္တာရပ်ခံကြောင်း Guerrilla Dawei (ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့)မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top