စစ်မှုထမ်းသင်တန်းကျောင်းက ထွက်ပြေးသူ နှစ် ရာကျော်ရှိ အရာရှိ ၆ ယောက် အစစ်ခံရ
စစ်မှုထမ်းသင်တန်းကျောင်းကနေ ထွက်ပြေးသွားတဲ့ သင်တန်းသားနဲ့တပ်သားသစ် နှစ်ရာကျော်ရှိပြီး အဲ့ဒီကိစွအတွက် စုံခုံအစစ်ခံနေရတဲ့ အရာရှိ ခြောက်ယောက်ရှိတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သ တင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
စစ်မှုထမ်းအပါတ်စဥ် ၁ ကနေ ၆ အထိ သင်တန်းဆ င်းပြီးတဲ့ တပ်သားသစ်နဲ့ သင်တန်းတက်နေတဲ့ သင်တန်းသားတွေဟာ ပုံစံအမျိုးမျိုးနဲ့ထွက်ပြေးခဲ့ တာကြောင့် သင်တန်းကျောင်း တာဝန်ရှိသူတွေ စစ်ဆေးခံရတာလို့ သင်တန်းကျောင်းနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ဒီဗွီဘီ ကိုပြောပါတယ်။
“စိတ်မပါဘဲ သင်တန်းတက်နေရတော့ ရတဲ့အချိန်ထွက်ပြေးမှာပဲ နောက်တခုက ရှေတန်းရောက်ရင်သေမယ်ဆိုတာအသိနဲ့ ထွက်ပြေးကြတာလည်းရှိတယ် အဲ့ကိစွနဲ့ ပလောက် ရန်ကုန် တန့်ယန်း အုတ်တွင်း နဲ့တောင်တွင်းကြီးသင်တန်းကျောင်းက အရာရှိတွေကိုစုံခုံစစ်နေတယ် “လို့ ရှင်းပြပါတယ်။
စစ်မှုထမ်းဆင့်ခေါ်ရာမှာ တပ်တွင်းပြိုကွဲမှု့မဖြစ် စေဖို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနဲ့သ တင်းပေးတွေပါမလာစေဖို့ ဆင့်ခေါ်ရေးအဖွဲ့တွေက သေချာစီစစ်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ညွန်ကြားထားတယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“အချို့က အကြံနဲ့စစ်မှုထမ်းမယ်ဆိုပြီး ဝင်လာ တာ သင်တန်းက သတင်းကို ရန်သူဆီပို့တယ် အ ခွင့်အရေးရလို့ ထွက်ပြေးရင်တောင် တယောက်တည်းမပြေးဘူး ကျန်တဲ့သူတွေပါ ခေါ်သွားရော အဲ့ကျတော့ သင်တန်းဆရာတွေကို နေပြည်တော် က ဆန်ပြုတ်ခေါ်တိုက်ရော “လို့ ပြောပါတယ်။
ထွက်ပြေးသူဦးရေများပြားလာတာကြောင့် နိုဝင် ဘာလ ၇ ရက်က ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ် ကြီးတင်အောင်စန်းက စစ်မှု့ထမ်းဖို့ ပျက်ကွယ်သူတွေနဲ့ထွက်ပြေးသူတွေကိုဖမ်းဆီးအရေးယူဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
Leave a Reply