မုံရွာ နှင့်ချောင်းဦးမြို့နယ်ရှိ စစ်စခန်းနှင့် စစ်တပ်စစ်ဆေးရေးဂိတ် တို့ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုပျူစောထီးရွာ၊ ညောင်ဖြူပင်ရွာရှိ အကြမ်း ဖက် စစ်စခန်းနှင့် ချောင်းဦးမြို့နယ် မြပုလဲဆီဆိုင် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Tiger Brothers People’s Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီမှ ၉ နာရီအချိန်အထိ မုံရွာမြို့နယ်၊ တောပု ပျူစောထီးရွာ၌ တပ်စွဲထားသော ပျူစောထီး ခေါင်းဆောင် နေအိမ်နှင့် အကြမ်း ဖက် စစ်သားများ နေထိုင်သော နေအိမ်များကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မအူဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယင်းနေ့တွင် ညောင်ဖြူပင်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၂၃ ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၂ – 5/ Commando Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မတော် အမှတ် ၉ တပ်ရင်း FRF2 ၊ ဆားလင်းကြီးမြို့နယ်မြို့ပကဖ ဒရုန်းတပ်ဖွဲ့မှ BED ငညို ပကဖ ဒရုန်းတပ်ဖွဲ့၊ တောသားကြီး ပကဖ ဒရုန်းတပ်ဖွဲ့၊ တောကျီးကန်း ပကဖ ဒရုန်းတပ်ဖွဲ့ ၊ Saligyi People Defense Force SPDF ၊ မျိုးဆက်သစ်လူငယ် ဒရုန်းတပ်ဖွဲ့ ဆားလင်းကြီး ၊ Monywa Youth Attacks Force – MYF ၊ ယင်မာပင်းခရိုင်တပ်ရင်း ၃၅ တပ်ခွဲ ၃ တပ်စိပ် ၁ (fighter Group) ၊ ယင်မာပင်းခရိုင်တပ်ရင်း ၃ တပ်ခွဲ ၃ Defender of Our Motherland တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် မုံရွာ-ချောင်းဦး လမ်းပိုင်းရှိ မြပုလဲ ဆီဆိုင်ဂိတ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ပြီး စစ်ကောင် စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
“တောပုရွာကို ဗုံးကျဲချတာက စစ်ခွေးတွေရှိတဲ့ နေအိမ်ပေါ်ကို ထည့်ထည့်ကျလို့ ခွေး ၃ ကောင်သေတယ်။ ၅ ကောင်ကတော့ ထိခိုက်ဒဏ်ရာရတယ်။ မြပုလဲ ဂိတ်ကို ဒရုန်းနဲ့ ကျဲချတာလည်း ထိတယ်လို့တော့ကြားတယ်။ ထိခိုက်မှုတော့ အတိအကျတော့ မသိရသေးဘူး” ဟု Tiger Brothers People’s Defense Force အဖွဲ့မှ တာဝန်ရှိသူ က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၂၃ ) တပ်ခွဲ( ၅) Midland New Generation Defense Force၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၂၃)တပ်ခွဲ(၂)Tiger Brothers people’s Defense Force နှင့် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၁၂) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Leave a Reply