ဌာနဆိုင်ရာက ဦးစီးအရာရှိတွေ ရုရှားဘာသာစကားပြော သင်တန်းတက်ရ

မြန်မာနိုင်ငံကို ရုရှားနိုင်ငံက မကြာခဏလာရောက်နေတဲ့အတွက် ဌာနဆိုင်ရာက ဦးစီးအရာရှိတွေ ရုရှားဘာသာစကားပြော အခြေခံသင်တန်းကို တက်ရောက်နေရတယ်လို့ ဌာနဆိုင်ရာဝန်ထမ်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မြန်မာနိုင်ငံကို ရုရှနိုင်ငံက အကြီးအကဲတွေနဲ့စီးပွားရေးလု ပ်ငန်းရှင်တွေလာရောက်ခဲ့ပြိးနောက် စစ်ခေါင်း ဆောင်က ဝန်ထမ်းတွေကို ရုရှားဘာသာစကားပြောသင်တန်းကို တက်ခိုင်းတာ ဖြစ်တယ်လို့ ဟို တယ်နှင့်ခရီးသွားလာရေးဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

“ဌာနဆိုင်ရာက အကုန်တက်ရပါတယ် တိုင်းအ စိုးရ ၊ထွေအုပ်၊ဟိုတယ်ခရီး၊နိုင်ငံရေး ခြားရေး ဝ န်ကြီးဌာနနဲ့ပြည်ထဲရးက လူတွေပါ အပါတ်စဥ် ၁ တောင် ပြီးခဲ့တဲ့လကမှ သင်တန်းဆင်းတာ အ ပါတ်စဥ် ၂ မှာ ဧရာဝတီနဲ့မန္တလေးက ဝန်ထမ်း တွေပါတယ် “လို့ ပြောပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ နိုဝ င်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်က မြန်မာနိုင်ငဲကိုရောက်လာပြီး ရန်ကုန်၊ဧရာဝတီ၊နေပြည်တော်နဲ့ပုဂံဒေသကို သွားခဲ့ပြီး သင်တန်းထပ်တက်ရန် စာရင်းတောင်းတာလို့ ဧရာဝတီတိုင်းအစိုးရနဲ့နီး စပ်သူကပြောပါတယ်။

” ဧရာဝတီတိုင်းမှာ ရုရှားက စီးပွားရေးအရ ရင်း နှီးမြှပ်နှံဖို့ရှိတယ် ဒါကြောင့် သူတို့နဲ့စကားပြောဖို့ အတွက် ဦးစီးအရာရှိတွေ ရုရှားစကားပြောတ က်ဖို့လိုမယ် ဒါကြောင့် ရုရှာစကားပြောသင်တန်း တက်ရမယ်လို့ ဝန်ကြီးချုပ်က ပြောတယ် စာရ င်းတွေတော့ ကောက်နေတယ် “လို့ ပြောပါတယ်။

နေပြည်တော် Jasmine Naypyitaw Hotel မှာပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်ကနေ အောက် တိုဘာလ ၁၄ ရက်အထိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ရုရှားဘာ သာစကား(အခြေခံ)သင်တန်းကို ဖွင့်လှစ်ခဲ့ပါတ ယ်။ ရုရှားဘာသာစကားပြောအခြေခံသင်တန်း အပါ တ်စဥ် ၂ ကို ဒီဇင်ဘာလအတွင်းမှာ ဖွင့်လှစ်သွား မှာပြီး လက်ရှိတက်ရောက်မယ့် ဝန်ထမ်းစာရင်း ကောက်ခံနေကာ ဖွင့်လှစ်မည့်ရက်ကို မသိရသေးကြောင်း ဌာနဆိုင်ရာဝန်ထမ်းသတင်းအရ င်းအမြစ်တွေဆီက သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *