အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းမှ အကြမ်းဖက်တပ်သား ၅ဦး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းမှ အကြမ်းဖက်တပ်သား ၅ဦးက နိုဝင်ဘာလ ၂၆ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ဗျူဟာ(၃၁)မှ မနေ့ညက ထုတ်ပြန်လိုက်ပါတယ်။

တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ(၃၁)ထံကို အလင်းဝင်ရောက်လာတဲ့ အောင်ဇေယျစစ်ကြောင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၅ဦးကို တစ်ဦးလျှင် ကျပ်ငွေ ၅သိန်းစီ ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အဆင့် သတ်မှတ်ထားတဲ့ အောင်ဇေယျစစ်ကြောင်းမှ ဗျူဟာ(၃၁)ထံကို အလင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ဦး ဝန်းကျင်ခန့်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top