‘ငါ့အကြောင်းသိစေရမယ်ကွ’ လို့ ခြိမ်းခြောက်တဲ့ စစ်အုပ်စုဒေါက်တိုင် အုပ်ချုပ်ရေးမှူးကို တော်လှန်ရေးတပ်ဖွဲ့တွေ ရှင်းလင်း

မကွေးတိုင်း ပွင့်ဖြူမှာ စစ်အုပ်စုရဲ့အဓိကဒေါက်တိုင်အဖြစ် ကျေးရွာနေပြည်သူတွေကို စစ်သင်တန်းတက်ဖို့ ပို့ ဆောင်ပေးနေပြီး တော်လှန်ရေးအင်အားစုတွေကို ငါ့အကြောင်းသိစေရမယ်ကွလို့ ခြိမ်းခြောက်စာပို့တဲ့ အုပ်ချုပ်ရေး မှူးကို ရှင်းလင်းပစ်ခဲ့တယ် လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း သတင်းနဲ့ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက ပြောပါ တယ်။

ပွင့်ဖြူမြို့ ဆည်တော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းဟာ ဆည်တော်ကျေးရွာမှာ ပျူစောထီး အဖွဲ့ ဖွဲ့စည်းတာ၊ ကျေးရွာနေပြည်သူတွေကို စစ်သင်တန်းတတ်ဖို့ ပို့ဆောင်တာ၊ ငွေကြေးကောက်ခံတာတွေ အပြင် တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ နေရာကို စစ်တပ်ကို သတင်ပေးမယ်လို့ ခြိမ်းခြောက်နေခဲ့တာတွေကြောင့် အခုလို ရှင်းလင်းခဲ့တာလို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဆိုပါတယ်။

“ပွင့်ဖြူမြို့နယ်ထဲက မင်းဘူးခရိုင်တပ်ရင်းတွေကို နေရာပြောင်းရွှေ့ဖို့ သတိပေးစာ‌ လာရောက်ပို့ ဆောင်ခဲ့တာ ဖြစ်ပြီး နေရာပြောင်းရွှေ့မပေးရင် သူကိုယ်တိုင် နေရာလိုက်ပြမယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေ နိုဝင်ဘာလ ၁၈ ရက် နေ့ ကတည်းက ပို့ဆောင်ခဲ့တာ” လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဆိုပါတယ်။

ဆည်တော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ပွင့်ဖြူနယ်ထဲကနေ ထွက်သွားဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပြီး ၊ နေရာပြောင်းရွှေ့ထွက်မသွားရင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နေရာကို သူကိုယ် တိုင် လိုက်လံပြသမှာဖြစ်ပြီး သူ့အကြောင်းကိုလည်း ကောင်းကောင်းသိစေရမယ်လို့ ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါ တယ်။

ဦးဌေးဝင်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လူမှုကွန်ယက်စာမျက်နှာ မက်ဆေ့ချ်ကနေ အခုလို ပြောဆိုခြိမ်းခြောက်ခဲ့ တာဖြစ်ပြီး ‘ ငါ့အကြောင်းမသိဘူးထင်တယ်။ သိစေရမယ်ကွ’ လို့ ဆို့ ရေးသားခြိမ်းခြောက်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ ဆည်တော်ကျေးရွာ အုပ်ချုပ်ရေးမှူးကို နိုဝင်ဘာလ ၂၇ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက မဲဇလီ-ဆည်တော် ကြိုးတံတား အနီးက စစ်‌ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်မှုနဲ့အတူ ဆည်တော်ကျေးရွာထဲကို တစ်ဆက်တည်းစီးနင်းဝင်ရောက်ပြီး ဖမ်းဆီးကာ စစ်ဆေးမေးမြန်း ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူက(ဦးဌေးဝင်း)က စစ်တပ်နဲ့ ပူးပေါင်းရာမှာ တက်တက်ကြွကြွကို ပူးပေါင်းပါဝင်တာမျိုးခင်ဗျ။ ခုက သူက ဒေါက်တိုင်ဖြစ်ရုံတင်မကဘူး လက်နက်ပါကိုင်ထားတာခင်ဗျ။ ပျူစောထီးတွေကို ၂၀၂၄ နှစ်အစတုန်းက မဲဇလီမှာ သင် တန်းပေးသေးတယ်။ အဲဒီတုန်းကလည်း သူပါဝင်ခဲ့တယ်ခင်ဗျ” လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေး အဖွဲ့ဝင်‌တစ်ဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းကို ဝင်ရောက်ရှင်းလင်းချိန်မှာ လက်လုပ်သေနတ် အတို တစ် လက်၊ ၅ ဒသမ ၅၆ ကျည် တစ် ဆယ်တောင့် နဲ့ လက်ကိုင်ဖုန်း သုံးလုံးတို့ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *