တောင်ကိုရီးယားသမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို လွှတ်တော်က ပယ်ဖျက်လိုက်ပြီး စစ်တပ် ပြန်လည် ဆုတ်ခွာ

သမ္မတ၏ မိခင်ပါတီက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှု မှားယွင်းဟု ထုတ်ပြန်ပြီး စစ်အုပ်ချုပ်ရေး ပယ်ဖျက်ရန် အတိုက်အခံများနှင့်ပူးပေါင်း

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား ပါလီမန်က အရေးပေါ် အစည်းဝေးခေါ်ယူပြီး ပယ်ဖျက်ကြောင်း ကြေညာလိုက်ရာ စစ်အုပ်ချုပ်ရေးအမိန့် ပျက်ပြယ်သွားကာ တောင်ကိုရီးယားစစ်တပ်က ပါလီမန် အဆောက်အအုံမှ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်သည်။

ယနေ့ညပိုင်းတွင် တောင်ကိုရီးယားသမ္မတက ရုတ်တရက် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယား ပါလီမန်က သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို ပယ်ဖျက်ကြောင်း လွှတ်တော်မတ် ၁၉၀ က မဲပေး၍ ပယ်ဖျက်ခဲ့ကြောင်း၊ လွှတ်တော်တွင် အမတ်နေရာပေါင်း ၃၀၀ ရှိသည့်အနက်မှ လွှတ် တော် မတ် ၁၉၀ က သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို လွှတ်တော်တွင် မဲပေး၍ ပယ်ဖျက်ကြောင်း ကြေညာခြင်းဖြစ်သည်။

တောင်ကိုရီးယားသမ္မတ၏ မိခင်နိုင်ငံရေးပါတီဖြစ်သော People Power ပါတီက သမ္မတ၏ စစ်အုပ်ချုပ်ရေး ကြေညာမှုသည် မှားယွင်းပြီး ယင်းစစ်အုပ်ချုပ်ရေး အမိန့်ကို အတိုက်အခံ လွှတ်တော်မတ်များနှင့်အတူ တားဆီးသွားမည်ဖြစ်ကြောင်း ကြေညာသည်။

တောင်ကိုရီးယားသမ္မတက ဇနီးသည်၏ အကျင့်ပျက်ခြစားမှု၊ ဝန်ကြီးများ၏ အကျင့်ပျက်ခြစားမှုကို စုံစမ်းစစ်ဆေးရန် ငြင်းပယ်ခဲ့ပြီး သမ္မတနှင့် လွှတ်တော်ကြား နိုင်ငံတော်ဘတ်ဂျက်ကို အတည်ပြုရန် သဘောမတူညီမှုများ ဖြစ်ပေါ်လာပြီးနောက် သမ္မတက တစ်ဖက်သတ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားလွှတ်တော်တွင် အတိုက်အခံ လွှတ်တော်အမတ်များက နေရာ အများစု လွှမ်းမိုးထားရာ သမ္မတအနေဖြင့် စွပ်စွဲပြစ်တင်ဖြုတ်ချခံရမည့် အခြေ အနေ ဖြစ်ပေါ် ရင်ဆိုင်နေရကြောင်း သတင်းများက ဆိုသည်။

တောင်ကိုရီးယားပါလီမန်က သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို ပယ်ဖျက်လိုက် ပြီးနောက် တောင်ကိုရီးယားစစ်သားများ လွှတ်တော်အဆောက်အအုံမှ ပြန်လည်ထွက်ခွာနေ

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား ပါလီမန်က အရေးပေါ် အစည်းဝေးခေါ်ယူပြီး ပယ်ဖျက်ကြောင်း ကြေညာလိုက်ရာ စစ်အုပ်ချုပ်ရေးအမိန့် ပျက်ပြယ်သွားကာ တောင်ကိုရီးယားစစ်တပ်က ပါလီမန် အဆောက်အအုံမှ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်သည်။

ယနေ့ညပိုင်းတွင် တောင်ကိုရီးယားသမ္မတက ရုတ်တရက် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယား ပါလီမန်က သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို ပယ်ဖျက်ကြောင်း လွှတ်တော်မတ် ၁၉၀ က မဲပေး၍ ပယ်ဖျက်ခဲ့ကြောင်း၊ လွှတ်တော်တွင် အမတ်နေရာပေါင်း ၃၀၀ ရှိသည့်အနက်မှ လွှတ် တော် မတ် ၁၉၀ က သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို လွှတ်တော်တွင် မဲပေး၍ ပယ်ဖျက်ကြောင်း ကြေညာခြင်းဖြစ်သည်။

တောင်ကိုရီးယားသမ္မတ၏ မိခင်နိုင်ငံရေးပါတီဖြစ်သော People Power ပါတီက သမ္မတ၏ စစ်အုပ်ချုပ်ရေး ကြေညာမှုသည် မှားယွင်းပြီး ယင်းစစ်အုပ်ချုပ်ရေး အမိန့်ကို အတိုက်အခံ လွှတ်တော်မတ်များနှင့်အတူ တားဆီးသွားမည်ဖြစ်ကြောင်း ကြေညာသည်။

တောင်ကိုရီးယားသမ္မတက ဇနီးသည်၏ အကျင့်ပျက်ခြစားမှု၊ ဝန်ကြီးများ၏ အကျင့်ပျက်ခြစားမှုကို စုံစမ်းစစ်ဆေးရန် ငြင်းပယ်ခဲ့ပြီး သမ္မတနှင့် လွှတ်တော်ကြား နိုင်ငံတော်ဘတ်ဂျက်ကို အတည်ပြုရန် သဘောမတူညီမှုများ ဖြစ်ပေါ်လာပြီးနောက် သမ္မတက တစ်ဖက်သတ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားလွှတ်တော်တွင် အတိုက်အခံ လွှတ်တော်အမတ်များက နေရာ အများစု လွှမ်းမိုးထားရာ သမ္မတအနေဖြင့် စွပ်စွဲပြစ်တင်ဖြုတ်ချခံရမည့် အခြေ အနေ ဖြစ်ပေါ်နေကြောင်း သတင်းများက ဆိုသည်။

တောင်ကိုရီးယားတွင် သမ္မတက စစ်အုပ်ချုပ်ရေး ကြေညာပြီး ၂ နာရီခွဲအတွင်း လွှတ်တော်က ယင်းစစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက်

သမ္မတ၏ မိခင်နိုင်ငံရေးပါတီနှင့် ယခင်သမ္မတဟောင်းတို့ကပါ လက်ရှိ သမ္မတ၏ စစ်အုပ်ချုပ်ရေးအမိန့်ကို ဆန့်ကျင်ကြပြီး စစ်တပ်ကလည်း ပါလီ မန်၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမှုဖြင့် တပ်များ ပြန်ရုပ်သိမ်း

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ၏ စစ်အုပ်ချုပ်ရေးအမိန့်ကို ပယ် ဖျက် ရန် သမ္မတ၏ မိခင်ပါတီမှ လွှတ်တော်အမတ်များကပါ အတိုက်အခံအမတ်များနှင့်ပူးပေါင်း၍ ပါလီမန်တွင် စစ်အုပ်ချုပ်ရေး ကြေညာမှုကို အဆုံး သတ်ကြောင်း မဲခွဲ ဆုံးဖြတ်လိုက်ကြသည်။

တောင်ကိုရီးယားပါလီမန်တွင် လွှတ်တော်အမတ် ၃၀၀ ရှိသည့်အနက်မှ အတိုက် အခံပါတီက အမတ်နေရာ ၁၇၂ နေရာ သိမ်းပိုက်ထားခြင်းဖြစ်သည်။

ယနေ့ နံနက်အစောပိုင်း တောင်ကိုရီးယားပါလီမန်က လွှတ်တော်အမတ် ၁၉၀ ဦး ဖြင့် လွှတ်တော်အစည်းအဝေးခေါ်ယူခဲ့ရာ အစည်းအဝေးတက်ရောက်ခဲ့သော သမ္မတ၏ မိခင်ပါတီဖြစ်သော People Power ပါတီမှ လွှတ်တော်မတ် ၁၈ ဦးကပါ အတိုက်အခံလွှတ်တော်အမတ်များနှင့်ပူးပေါင်း၍ သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို ချက်ချင်း ပြန်ရုပ်သိမ်းရန် ဆန္ဒမဲပေးခဲ့ကြသည်။

ထို့ကြောင့် အမတ် ၁၉၀ တက်ရောက်သော တောင်ကိုရီးယားပါလီမန်လွှတ် တော် အစည်းအဝေးက က သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို ပယ်ဖျက်ကြောင်း ဆန္ဒမဲ ၁၉၀ ဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။

တောင်ကိုရီးယားပါလီမန် အကြီးအကဲ Woo Won-shik က .သမ္မတအနေဖြင့် စစ်အုပ်ချုပ်ရေး အမိန့်ကို ပြန်လည်ရုပ်သိမ်းရန် စာပေးပို့လိုက်ပြီး စစ်အုပ်ချုပ်ရေး အမိန့်ကြေညာမှုမှာ ပျက်ပြယ်သွားပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ပြောဆိုသည်။

တောင်ကိုရီးယား အခြေခံဥပဒေအရ ပါလီမန်မှ အများစု တောင်းဆိုလျှင် သမ္မတ အနေဖြင့် စစ်အုပ်ချုပ်ရေး အမိန့်ကို မဖြစ်မနေ ပြန်လည် ရုပ်သိမ်းရ မည်ဖြစ်သည်။

“သမ္မတရုံးအနေနဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို နှောင့်နှေးမှု မရှိဘဲ ချက်ချင်း ပြန်ရုပ်သိမ်းဖို့ အသိပေးပါတယ်” ဟု တောင်ကိုရီးယားပါလီမန် အကြီးကဲက ပြော သည်။

တောင်ကိုရီးယားစစ်တပ်ကလည်း ပါလီမန်၏ ဆုံးဖြတ်ချက်ကို လိုက်နာသောအားဖြင့် လွှတ်တော်အဆောက်အအုံမှ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ပြီး စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့သော တောင်ကိုရီးယားသမ္မတကို မိခင်နိုင်ငံရေးပါတီနှင့် ယခင် သမ္မတဟောင်းကပါ လက်ရှိ သမ္မတ၏ စစ်အုပ်ချုပ်ရေးအမိန့်ကို ဆန့်ကျင်ခဲ့ကြသည်။

လက်ရှိ တောင်ကိုရီးယားသမ္မတမှာ ဇနီးသည်၏ အကျင့်ပျက်ခြစားမှုများနှင့်အတူ လူထု၏ ထောက်ခံမှု အကြီးအကျယ် ကျဆင်းလျက်ရှိကြောင်း သတင်းများက ဆိုသည်။

စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့သော တောင်ကိုရီးယားသမ္မတ အရှုံးပေးရပြီ

စစ်အုပ်ချုပ်ရေး အမိန့်ကို ပြန်လည် ရုပ်သိမ်းမည်ဟု ကြေညာ

တောင်ကိုရီးယားတွင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့သော တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က ၎င်း၏ စစ်အုပ်ချုပ်ရေး အမိန့်ကို ပြန်လည် ရုပ် သိမ်းမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

တောင်ကိုရီးယားသမ္မတက ၎င်းအနေဖြင့် တောင်ကိုရီးယားပါလီမန်၏ ဆုံး ဖြတ်ချက်ကို လက်ခံမည်ဖြစ်ပြီး ယနေ့ နံနက်ပိုင်း အစိုးရအဖွဲ့အစည်း ခေါ်ယူကာ စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ပြောဆိုသည်။

တောင်ကိုရီးယားသမ္မတက ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် တောင်ကိုရီးယားပါလီမန်က သမ္မတ၏ အမိန့်ကို လွှတ်တော်၏ ထောက်ခံဆန္ဒမဲများဖြင့် ပြန်လည် ပယ်ဖျက်လိုက်ကြောင်း၊ ယင်းနောက် ၆ နာရီအကြာတွင် စစ်အုပ်ချုပ်ရေးပြန်လည် ရုပ်သိမ်းပါမည်ဟု တောင်ကိုရီးယားသမ္မတက ပြောဆိုကြေညာလာရခြင်း ဖြစ်သည်။

တောင်ကိုရီးယားလွှတ်တော်တွင် လက်ရှိ အာဏာရပါတီမှ အမတ်များကပါ အတိုက်အခံပါတီ လွှတ်တော်အမတ်များနှင့်ပူးပေါင်း၍ လက်ရှိ သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို အာခံ ပယ်ဖျက်ခဲ့ကြခြင်းဖြစ်သည်။

တောင်ကိုရီးယား အစိုးရအဖွဲ့အစည်းအဝေးက သမ္မတ၏ စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းရန် အတည်ပြု

သမ္မတ၏ စစ်အုပ်ချုပ်ရေး ကြေညာမှု ၆ နာရီအကြာတွင် အဆုံးသတ်

တောင်ကိုရီးယား အစိုးရအဖွဲ့အစည်းအဝေးက သမ္မတ၏ စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းရန် အတည်ပြုလိုက်သဖြင့် သမ္မတ၏ စစ်အုပ်ချုပ်ရေး ကြေညာမှု ၆ နာရီအတွင်း ပြီးဆုံးသွားပြီဖြစ်ကြောင်း CNN သတင်းတစ်ရပ်အရ သိရှိရသည်။

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဦးဆောင်သော အစိုးရအဖွဲ့အစည်းအဝေးက စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းရန် အတည်ပြုလိုက်ခြင်းဖြစ်ပြီး သမ္မတက စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းပေးမည်ဟု ကြေညာပြီးနောက် ချက်ချင်းပင် ပြန်လည် ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားသမ္မတက သူ့အပေါ် စွပ်စွဲပြစ်တင်ဖြုတ်ချရန် ကြိုးပမ်းမှုများကို ချက်ချင်းရပ်တန့်ရန်၊ ဥပဒေပြုရေးတွင် စိုးမိုးခြယ်လှယ်မှုများ၊ နိုင်ငံတော်၏ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ပေးမှုများ ရပ်တန့်ရန်၊ နိုင်ငံတော်ဘတ်ဂျက် လျှော့ချမှုများကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုထားသည်။

တောင်ကိုရီးယား ပြည်သူများက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သော လက်ရှိ သမ္မတကို လွှတ်တော်မှတစ်ဆင့် စွပ်စွဲ​ ပြစ်တင် ဖြုတ်ချရန် ပါလီမန် အဆောက်အအုံရှေ့တွင် ဆန္ဒပြတောင်းဆိုနေကြသည်။

“Yoon Suk Yeol ကို ဖမ်း” ၊ ” Yoon Suk Yeol ကို ဖြုတ်ချကြ” ဟု တောင်ကိုရီးယားပြည်သူများက ပါလီမန်ရှေ့တွင် ဆန္ဒပြ ကြွေးကြော်နေကြသည်။

ဆိုးလ်မြို့မှာ မြင်ရတဲ့ စစ်ကားများ။

လက်ရှိ တောင်ကိုရီးယားကို Army Chief of Staff General ဗိုလ်ချုပ်ကြီး Park An-Su က ယာယီအုပ်ချုပ်မှာ ဖြစ်ပါတယ်။

တောင်ကိုးရီးယားမှာ ဖြစ်နေတာက ပါတီ ၂ ခု မတည့်ကြရာကနေ သမ္မတကို လွှတ်တော်မှာ စွပ်စွဲဖြုတ်ချဖို့ လုပ်ရာက သမ္မတက တပ်ကို အာဏာလွှဲပေးလိုက်တာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းတာ မဟုတ်ပါဘူး။ လက်ရှိမှာ ကိုရီးယားက Festival တွေ တခုပြီး တခု ဖျက်သိမ်းကြောင်း ကြေညာနေကြပါတယ်။ စစ်တပ်က ရွေးကောက်ပွဲပြန်လုပ်ပေးပြီး သမ္မတအသစ်ကို ရွေးချယ်ရဖွယ်ရှိနေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *