ရှမ်းမြောက်မှာ ABSDF စစ်ကြောင်း (၂) ရဲ့ စစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့

PDF နဲ့ ပကဖ တွေလည်းပါဝင်ကာ ၄ လတာကြာမြှင့်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်းကို ရှမ်းပြည်မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ မြန်မာပြည်မြောက်ပိုင်း ABSDF အဖွဲ့ရဲ့ စစ်ကြောင်း (၂) က ပြုလုပ်ခဲ့ပြီး၊ နိုဝင်ဘာ ၃၀ ရက်နေ့မှာ သင်တန်းဆင်ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

“သင်တန်းကာလ ၄ လ ကြာမြှင့်ခဲ့သော အဆိုပါသင်တန်းကို ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင် ရဲဘော် ၁၄၀ ဦး၊ မဟာမိတ် PDF မှ ၆ ဦးနှင့် ပ.က.ဖ မှ ၁ ဦး စုစုပေါင်း (၁၄၇) ဦးမှ သင်တန်းဆင်းခဲ့ကြပြီး တပ်ဖွဲ့ဝင်အလံကိုင် သစ္စာဆိုခဲ့ကြပါသည်။”လို့ ABSDF က ထုတ်ပြန်ထားပါတယ်။

သင်တန်းဆင်းပွဲသို့ မဟာမိတ် KIA အမှတ် (၃၄) တပ်ရင်း၊ KPDF၊ BPLA မှ တာဝန်ရှိလူကြီးတွေနဲ့ မိဘပြည်သူတွေ တက်ရောက်ခဲ့ကြတယ်လို့ အမှတ် (၂) စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာကာက ပြောပါတယ်။

“မနက်ပိုင်းမှာ စစ်ရေးပြ၊ စစ်ကြောင်းမှူး ချီတက်အလေးပြုခဲ့တယ်။ နေ့လည်ပိုင်းမှာ အခမ်းအနား ဆုပေးပြီး၊ လူကြီးအသီးသီးက တော်လှန်ရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြုတ်တိုက်ပွဲဝင်ရေးအတွက် အကြောင်းအရာတွေကို အမှာစကားပြောကြားခဲ့ပါတယ်။”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တခြားသော လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့များနဲ့ ပူးပေါင်းပြီး၊ မြန်မာနိုင်ငံအနှံ့မှာ စစ်‌အာဏာရှင်တော်လှန်ရေး တိုက်ပွဲဝင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top