မင်းတပ်နဲ့ ဖလမ်းမြို့တွေကို ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းညီနောင်တပ်ဖွဲ့ ပြော

မင်းတပ်နဲ့ ဖလမ်းမြို့တွေကို ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းညီနောင်တပ်ဖွဲ့ ပြော

ချင်းပြည်နယ် တောင်ပိုင်းမှာ တည်ရှိတဲ့ မင်းတပ်နဲ့ ချင်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ ဖလမ်းမြို့တွေက စစ်အုပ်စု စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့တွေကို ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းညီနောင်တပ်ဖွဲ့ – Chin Brotherhood (CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီဇင်ဘာလ ၃ ရက်မှာ ပြောပါတယ်။

“ကျနော်တို့ ဒီချင်းညီနောင်စစ်ဆင်ရေး မင်းတပ်၊ဖလမ်းကို ကျနော်ဒီ နိုဝင်ဘာ ၉ ရက်နေ့ ကနေ စတင်ခဲ့တာ ဖြစ်တယ်။ အဲ့ဒီ စတင်ခဲ့တဲ့ နောက်ပိုင်းမှာ မြို့တွင်းကို ကျနော်တို့ ထိန်းချုပ်ထားနိုင်တဲ့‌ အခြေအနေမှာ ရှိပါတယ်။ အခုမှာ ကျနော်တို့ အောင်ပွဲတွေ ရရှိတဲ့ အခြေအနေမှာ ရှိပါတယ်” လို့ ချင်းညီနောင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စု‌ အသေ‌အပျောက်ရှိပြီး ၊ အရှင်ဖမ်းဆီးရမိတာတွေနဲ့ လက်နက်အများအပြား သိမ်းဆည်း ရရှိတာတွေကို မကြာခင် ထုတ်ပြန်မယ်လို့ စစ်ရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။

ချင်းပြည်နယ်မှာတော့ တော်လှန်ရေးအင်အားစုတွေက မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်‌‌ခေါဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီး အိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလနဲ့ ဆူခွာမြို့တွေ ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်နဲ့ ဆမီး မြို့ကိုတော့ အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *