ကြွယ်ပုံ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ၃ ရက်ဆက် ဝင်ရောက် တိုက်ခိုက်

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ၃ ရက်ဆက် ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ၃ ရက်ဆက် ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း YOUNG WOLF LOCAL PDF က ပြောဆိုသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့ထိ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ၃ ရက်ဆက်တိုက် ဒရုန်း၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဆားတောင်မိုးကြိုးအဖွဲ့၊ ဆားတောင်မြို့ပြပျောက်ကျား GS အဖွဲ့နှင့် Young Wolf. (P.D.F) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top