ကောလင်း-ဝန်းသို လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း၊ ကောလင်း-ဝန်းသို လမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း ၂ က ပြောဆိုသည်။
အောက်တိုဘာလ ၂၀ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသော ကောလင်း-ဝန်းသို လမ်းပိုင်းကို ကောလင်းဘက်မှလာသည့် အင်အား ၅၀ ခန့်ပါ စစ်ကြောင်းနှင့် ဝန်းသို ဘက်မှလာသည့် အင်အား ၁၂၀ ကျော် ပါ စစ်ကြောင်းတို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၂ ကြောင်း ကို ကောလင်းခရိုင်အမှတ် ၂ တပ်ရင်းမှ တော်လှန်ရေး တပ်ဖွဲ့များ ခုခံ တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များစွာဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ ရုပ်အလောင်းတချို့ နှင့် လက်နက် ၂ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ၏ လုံခြုံရေး နှင့် စစ်ရေးအခြေအနေများကြောင့် သတင်းထုတ်ပြန်မှု နောက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Leave a Reply