ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

စစ်တပ်က အင်အား ထပ်မံဖြည့်တင်းနေ၍ စစ်ရေးတင်းမာနေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အနောက်ခြမ်း၊ နှောပင်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားပြီး စစ်တပ်က အင်အား ထပ်မံဖြည့်တင်းနေ၍ စစ်ရေးတင်းမာနေကြောင်း စစ်တောင်းမြစ်ဝှမ်း – ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်း အနောက်ခြမ်း နှောပင်ကျေးရွာသို့ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်တိုက်ပွဲ ၅ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၂၀ ဦးထက်မနည်း သေဆုံး ကာအများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွန်းတောကုန်းဘက်နေ တက်လာတာပါ။ လက်ရှိဆိုရင် အင်အားက ရာကျော်မယ်။ အင်အားတွေ ထပ်တိုးထားတယ်။ နှောပင်ရွာထဲက ပြည်သူတွေကိုလည်း စစ်ဆေးနေတယ်လို့ သိရတယ်။ အင်အား ထပ်တိုးထားတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နိုင်တဲ့အနေအထားပါ” ဟု စစ်တောင်းမြစ်ဝှမ်း – ရေတာ ရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်တောင်းမြစ်ဝှမ်း – ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့မှ တိုက်ခိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က အင်အားဖြည့်တင်းမှုများပြုလုပ်နေပြီး နှောပင်ကျေးရွာအတွင်းရှိ ပြည်သူများကို စစ်ဆေးမှုများ လုပ်ဆောင်နေသောကြောင့် တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ပြည်သူများအနေဖြင့် သတိပြု သွားလာ နေထိုင်ကြရန် စစ်တောင်းမြစ်ဝှမ်း – ရေတာ ရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က အသိပေး ပြောဆိုထားသည်။

Photo – ရှေ့တန်း စစ်မြေပြင်တွင် ရောက်ရှိနေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ


Comments

Leave a Reply

Your email address will not be published. Required fields are marked *