အုတ်ဖို တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော စစ်သား ၂ ဦးထံမှ တပ်တွင်း လျှို့ဝှက် အချက်အလက်များနှင့် စစ်တပ်ကို ထောက်ပံ့နေသူများ၏ အမည်စာရင်းများ သိမ်းဆည်းရရှိထား

အုတ်ဖို တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော စစ်သား ၂ ဦးထံမှ တပ်တွင်း လျှို့ဝှက် အချက်အလက်များနှင့် စစ်တပ်ကို ထောက်ပံ့နေသူများ၏ အမည်စာရင်းများ သိမ်းဆည်းရရှိထား

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော စစ်သား ၂ ဦးထံမှ တပ်တွင်း လျှို့ဝှက် အချက်အလက်များနှင့် စစ်တပ်ကို ထောက်ပံ့နေသူများ၏ အမည်စာရင်းများ သိမ်းဆည်းရရှိထားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ ၆ တပ်ရင်းမှ ကင်းလှည့်ရန် ဆိုင်ကယ် ၄ စီးဖြင့် ထွက်လာသော စစ်သား ၈ ဦးကို တပ်တွင်းဖရဲသီး၏ သတင်းပေးချက်အရ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ ရဲဘော်များက တပ်ရင်းနှင့် ကိုက် ၂၀၀ အကွာမှ စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး သိန်းဝင်း နှင့် တပ်ကြပ် တင်အောင် တို့ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသော စစ်သား ၂ ဦးထံမှ ခမရ ၆ တပ်တွင်း လျှို့ဝှက် အချက်အလက်များနှင့် အုတ်ဖိုမြို့နယ်အတွင်း စစ်တပ်ကို ထောက်ပံ့နေသူများ၏ အမည်စာရင်းများပါ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“မနေ့ကသေတဲ့ စစ်ခွေး ၂ ကောင်ထဲက တပ်ကြပ်တင်အောင်က တစ်တော့မှာ PDFကို စိန်ခေါ်ထားသူပါ။ စစ်ခွေး တပ်ထဲက လျှို့ဝှက် အချက်အလက်တွေလည်း အများကြီးရထားတယ်။ အုတ်ဖိုမြို့နယ်က စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူတွေရဲ့ အမည်တွေရော စစ်တပ်ကို ထောက်ပံ့နေတဲ့လူတွေရဲ့ အမည်စာရင်းတွေကော သိမ်းဆည်းရရှိထားပါတယ်။ တပ်ကြပ်တင်အောင်က အုတ်ဖိုမြို့နယ်၊ ကျီးပင်ဆိပ်ရွာကနေ အသက် ၁၈ နှစ်ထဲက တပ်ထဲဝင်တာ သူ့အဖေလည်း စစ်သား အခုသူ့သားလည်း တပ်ထဲမှာ စစ်သားပဲ သူ့ရဲ့ ရွာအမည် က တင်အောင်ချို တပ်အမည် က တပ်ကြပ် တင်အောင်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။

ထို့ပြင် သေဆုံးသွားသော တပ်ကြပ် တင်အောင်သည် အုတ်ဖိုမြို့နယ်အတွင်း မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ သန်းခေါင်စာရင်း လုပ်ဆောင်လိုသူများထံမှ အခကြေးငွေ အဆမတန် တောင်းရမ်းနေသူဖြစ်ကြောင်း၊ ကျေးရွာများအတွင်း အုပ်ချုပ်ရေးမှူးများ ပစ်ခတ်တိုက်ခိုက်ခံရလျှင် ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်ခြင်း၊ မိန်းမကိစ္စ ရှုပ်သူဖြစ်ပြီး မိန်းကလေး တချို့ကို လိင်ပိုင်ဆိုင်ရာကျူးလွန်ထားသူ ဖြစ်ကြောင်း သိရသည်။

“အုတ်ဖိုမြို့နယ်မှာ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ သန်းကောင်စာရင်း တွေကို စစ်ခွေးဆိုတဲ့ အရှိန်နဲ့ တင်အောင်က လုပ်စားနေတာ ဆယ်စုနှစ် မကတော့ဘူး။ တချို့အမှူတွေဆို သူ့ကိုဆက်သွယ်ပြီး ပွဲစားလုပ်ခိုင်းရတယ်။ ပြည်သူတွေဆီက လက်နက်ပြပြီး ငွေ​တောင်းတယ် ဓာတ်ဆီဆိုင်တွေဆိုရင်လည်း သူကဦးဆောင်ပိတ်တယ်။ ရွာတွေမှာ အုပ်ကြီးတွေ PDF က သတ်လို့သေရင် အိမ်တွေ မီးတင်ရှို့မယ်ခြိမ်းခြောက်​တယ်။ ပြည်သူတွေဆီက တောင်းတဲ့ငွေနဲ့ အိမ်စီးကားဝယ်ဖို့ငွေစုနေတာ သူ့မိန်းမနဲ့ကလည်း မိန်းမရှုပ်တာကြောင့် ကွဲနေတာ ရုံးကိစ္စတွေဆို မိန်းကလေးတွေ အကူအညီတောင်းရင် နှာဘူးကျပြီး ကူညီပေးတယ်။ တချို့မိန်းကလေးကိုလည်း သူကခြေတော်တင်တာ ဖျက်ဆီးတာတွေရှိတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ဆက်လက် ပြောဆိုသည်။

Photo – တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့သည့် တပ်ကြပ် တင်အောင်နှင့် တပ်တွင်း လျှို့ဝှက် စာရွက်တချို့


Comments

Leave a Reply

Your email address will not be published. Required fields are marked *